Laliga

မိခင်ကလပ်နဲ့ပွဲမှာ ဘာစီလိုနာအတွက် ဟီးရိုးဖြစ်ခဲ့တဲ့ ဂျာအိုဖီးလစ်

ဂျာအိုဖီးလစ်ဟာ ဘာစီလိုနာအသင်းက အသလက်တီကိုမက်ဒရစ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က အသလက်တီကိုအသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ မိခင်ကလပ်နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ဒီပွဲမှာ ခြေစွမ်းပြပြီးဂိုးသွင်းယူနိုင်ခဲ့တာပါ။ဂျာအိုဖီးလစ်အတွက်တော့ ဘာစီလိုနာအသင်းမှာ ကစားချင်တဲ့ သူ့ရဲ့အိပ်မက်တွေပြည့်ခဲ့သလို မိခင်ကလပ်နဲ့ တွေ့တဲ့ပွဲမှာ ဟီးရိုးဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဂျာအိုဖီးလစ်ကို အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်နေပေမယ့် အသလက်တီကိုအသင်းကတော့ သူတို့တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏ ပေးနိုင်မှသာ အပြောင်းအရွှေ့ဖြစ်မယ်လို့ သတိပေးထားတာပါ။အဲ့ဒါကြောင့် အပြောင်းအရွှေ့ဖြစ်၊မဖြစ်က ရာသီကုန်ပြီးမှသာ သိရှိရဖို့ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးက ရီးရယ်လ်အသင်းနဲ့ ၄ မှတ်အကွာ တတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား