Laliga

သွင်းဂိုးမပေးလို့ ဒိုင်လူကြီးကို စောဒကတက်ခဲ့ရာမှာ အနီကတ်ပြသခံခဲ့ရတဲ့ ဘယ်လင်ဂမ်

ရီးရယ်လ်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ဗလင်စီယာနဲ့ ရီးရယ်လ်အသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့နောက်ဆုံးသွင်းဂိုးကို ခွင့်မပြုခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ခဲ့ရာမှာ အနီကတ်ပြသခံခဲ့ရပါတယ်။

ဒီပွဲရဲ့နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက သူ့ရဲ့သွင်းဂိုးဖြစ်စေမယ့် ဖြတ်တင်ဘောတင်ကတည်းက ပွဲသိမ်းခရာမှုတ်ခဲ့တာကြောင့် ဒီသွင်းဂိုးကို ခွင့်မပြုခဲ့တာပါ။အဲ့ဒါကြောင့် ရီးရယ်လ်ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ဝိုင်းဝန်းစောဒကတက်ခဲ့ကြရာမှာ ဘယ်လင်ဂမ်အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာ သူ့ကိုစော်ကားတဲ့စကားတွေပြောဆိုခဲ့တာကြောင့် အနီကတ်ပြခဲ့တာလို့ ကွင်းလယ်ဒိုင်လူကြီးက ပွဲအပြီးအစီရင်မှာ ဖော်ပြခဲ့တာပါ။ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကတော့ ဘယ်လင်ဂမ်ဟာ ဒီလိုပြောဆိုခဲ့တာမဟုတ်ဘဲ သူ့သွင်းဂိုးအတွက်သာ ပြောခဲ့တာလို့ ပွဲအပြီးမှာဆိုခဲ့ပါတယ်။

ဒဏ်ရာကြောင့် ၃ ပတ်ကြာအနားယူရပြီးမှ ရီးရယ်လ်အသင်းအတွက် ပထမဆုံးပွဲစဉ်အဖြစ် ပြန်လည်ပါဝင်ကစားနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်အတွက်တော့ အနီကတ်ကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာပါ။ရီးရယ်လ်မက်ဒရစ်အသင်းဟာ ဒီပွဲမှာ အနိုင်မရခဲ့တဲ့အတွက် အဆင့် ၂ နေရာက ဂျီရိုနာအသင်းထက် ၁ ပွဲပိုကစားထားပြီး ရမှတ် ၇ မှတ်သာအသာရတော့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား