Europa League

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ အူဘာမီယန်း

မာဆေးလ်အသင်းတိုက်စစ်မှူး အူဘာမီယန်းဟာ မာဆေးလ်အသင်းက ရှက်တာဒိုးနက်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ဂိုးသွင်းဘုရင်ဖြစ်လာခဲ့ပါတယ်။

Soccer Football – Europa League – Play-Off – Second Leg – Olympique de Marseille v Shakhtar Donetsk – Stade Velodrome, Marseille, France – February 22, 2024 Olympique de Marseille’s Pierre-Emerick Aubameyang celebrates scoring their first goal REUTERS/Sarah Meyssonnier

ပြီးခဲ့တဲ့အပတ်က ဖယ်လ်ကာအိုနဲ့ ဂိုး ၃၀ ချင်းစီတူညီခဲ့တဲ့ အူဘာမီယန်းဟာ ရှက်တာဒိုးနက်အသင်းနဲ့ပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သွင်းဂိုး ၃၁ ဂိုးနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။အူဘာမီယန်းဟာ အာဆင်နယ်၊ဒေါ့မွန်၊ဘာစီလိုနာနဲ့ လက်ရှိ မာဆေးလ်အသင်းတွေအတွက် ယူရိုပါလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတွေသွင်းယူခဲ့တာပါ။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် ၁၄ ဂိုး၊ ဒေါ့မွန်အသင်းအတွက် ၈ ဂိုး၊ ဘာစီလိုနာအသင်းအတွက် ၂ ဂိုးနဲ့ လက်ရှိ မာဆေးလ်အသင်းအတွက် ၇ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နွေရာသီက ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခဲ့တဲ့ အူဘာမီယန်းဟာ ဒီရာသီမှာ မာဆေးလ်အသင်းအတွက် ၃၃ ပွဲပါဝင်ကစားထားပြီး ၁၆ ဂိုးသွင်းယူထားတာပါ။

မာဆေးလ်အသင်းဟာ ဒီရာသီလီဂူးဝမ်းပြိုင်ပွဲမှာ အဆင့် ၉ နေရာရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ