Europa League

ဘာစီလိုနာနဲ့ ဒုအကျော့အတွက် ယူနိုက်တက်လူစာရင်းမှာ ပါဝင်လာမယ့် မက်ဂွဲယားနဲ့ အန်တိုနီ

ဘာစီလိုနာအသင်းနဲ့ ပထမအကျော့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ မက်ဂွဲယားနဲ့ အန်တိုနီတို့ဟာ ဒုတိယအကျော့ပွဲအတွက် အသင်းလူစာရင်းမှာ ပြန်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ လက်စတာအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း မပါဝင်နိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းနဲ့ အဆုံးအဖြတ်ကစားရမယ့်ပွဲမှာ ပြန်ပါဝင်လာဖို့ ရှိနေတာပါ။

အဲရစ်တန်ဟတ်က ” ကျွန်တော်တို့မှာ လေ့ကျင့်ရေးအစီအစဉ်ကျန်ရှိနေပေမယ့် မက်ဂွဲယားနဲ့ အန်တိုနီတို့ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

“မာရှယ်တော့ပါဝင်နိုင်မှာမဟုတ်ပါဘူး။သူဟာ ကွင်းထဲကို ပြန်ရောက်လာပေမယ့် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို စောင့်ဆိုင်းနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၂ ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ