Premier League

အလွန်ကောင်းမွန်တဲ့ညဖြစ်ခဲ့တယ်လို့ ဖာဂူဆန်နဲ့ အတူညစာစားခဲ့တာနဲ့ပတ်သက်ပြီး အဲရစ်တန်ဟတ်ဖွင့်ဟ

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ ဘာစီလိုနာ၊နယူးကာဆယ်တို့နဲ့ ကစားရမယ့် အရေးကြီးပွဲစဉ်မတိုင်ခင်မှာ အသင်းရဲ့ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့ တွေ့ဆုံပြီး ညစာအတူစားသုံးခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ထဲမှာ ဘာစီလိုနာနဲ့ ယူရိုပါလိဂ်ပလေးအောဖ့်ဒုတိယအကျော့၊ နယူးကာဆယ်နဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။နည်းပြ အဲရစ်တန်ဟတ်ကတော့ ဒီပွဲမတိုင်ခင်မှာ အသင်းနဲ့ဆုဖလားအောင်မြင်မှုအများအပြားရယူနိုင်ခဲ့တဲ့ နည်းပြကြီး ဖာဂူဆန်နဲ့ တွေ့ဆုံခဲ့တာပါ။

ဒီအကြောင်းကို ဘာစီလိုနာနဲ့ ကစားရမယ့် ပွဲမတိုင်ခင်ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကျွန်တော်ဟာ ဗဟုသုတ၊ အတွေ့အကြုံအများကြီးရှိတဲ့သူတွေနဲ့ စကားပြောရတာကို နှစ်သက်ပါတယ်။သူက အတွေ့အကြုံတွေကို ပြန်မျှဝေပါတယ်။သူက ယူနိုက်တက်က သူ့ကလပ်လို့ခံစားနေရပါတယ်။သူက ကျွန်တော်တို့ကို အကောင်းဆုံးဖြစ်စေချင်တယ်။အလွန်ကောင်းမွန်တဲ့ညတစ်ညဖြစ်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဖာဂူဆန်ဟာ ၂၀၀၈ က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ယူနိုက်တက်ကို ဗိုလ်လုပွဲပို့ဆောင်ပေးခဲ့တာပါ။

ဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာအနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ