Europa League

LASK ကိုအနိုင်ရပြီးနောက် လီဗာပူးလ်ကို သတိပေးလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က LASK အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ အသင်းအတွက် ဒီပြိုင်ပွဲဟာ လွယ်ကူမှာမဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ဝုလ်ဗ်စ်အသင်းနဲ့ပွဲက လူစာရင်းကို တစ်သင်းလုံးပြောင်းပြီး ပွဲထွက်လာခဲ့တာကြောင့် LASK အသင်းရဲ့ဦးဆောင်ဂိုးသွင်းယူခြင်းကို ခံခဲ့ရတာပါ။ဒါပေမယ့် ဒါဝင်နူနက်ဇ်၊ ဒီယက်ဇ်နဲ့ ဆာလက်တို့က ချေပဂိုးနဲ့အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ သွင်းယူခဲ့လို့ လီဗာပူးလ်အသင်းဟာ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲဟာ ကလောပ့်အတွက် လီဗာပူးလ်နည်းပြဘ၀ ဥရောပပွဲ ၅၀ မြောက်နိုင်ပွဲဖြစ်ပြီး လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ အခြားနည်းပြတွေထက် သာလွန်ခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် ကလောပ့်ကတော့ လီဗာပူးလ်အသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို အလွယ်တကူမကျော်ဖြတ်နိုင်ဘူးလို့ ပြောသွားခဲ့တာပါ။

ကလော့ပ်က “လူတွေက လီဗာပူးလ်ဟာ ဒီပြိုင်ပွဲကို အလွယ်တကူကျော်ဖြတ်နိုင်မယ်ဆိုပြီး မျှော်လင့်နေကြတာသိပါတယ်။ဒါပေမယ့် ဒါက ဖြစ်လာဖို့ မရှိပါဘူး။ အုပ်စုမှာရော၊ရှုံးထွက်အဆင့်တွေမှာပါ ဒါကဖြစ်လာစရာမရှိပါဘူး”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတဲ့ လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ