Europa League

ဝက်စ်ဟော့စ်ကို ဖယ်လိုင်နီလက်သစ်ဆိုပြီး ယူနိုက်တက်ပရိသတ်တွေ ချီးကျူး

ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ နံပတ် ၁၀ နေရာကစားသွားတဲ့ ဝက်စ်ဟော့စ်ကို ယူနိုက်တက်ပရိသတ်တွေက ဖယ်လိုင်နီအသစ်ဆိုပြီးချီးကျူးမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲမတိုင်ခင်မှာ အဲရစ်တန်ဟတ်ဟာ နည်းစနစ်ပိုင်းပြောင်းလဲတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ခဲ့တာပါ။ရက်ရှ်ဖိုဒ့်ဟာ နံပတ် ၉ နေရာမှာကစားခဲ့ရပြီး ဘယ်နဲ့ ညာဘက်မှာ ဆန်ချိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ကစားခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟော့စ်ဟာ ဘန်လေ၊ဘက်ဆီးတပ်စ်၊အယ်လ်ခမာနဲ့ ဝုဖ်ဘတ်အသင်းတွေမှာ ကစားခဲ့တုန်းက အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့တာကြောင့် နံပတ် ၁၀ နေရာဟာ သူနဲ့ ရင်းနှီးမှုမရှိတာလည်းဖြစ်ပါတယ်။

LONDON, ENGLAND – JANUARY 18: Wout Weghorst of Manchester United during the Premier League match between Crystal Palace and Manchester United at Selhurst Park on January 18, 2023 in London, England. (Photo by Clive Rose/Getty Images)

ဒါပေမယ့် ဝက်စ်ဟော့စ်ဟာ အကောင်းဆုံးကစားသွားနိုင်ခဲ့ပြီး ရက်ရှ်ဖိုဒ့် ဘာစီလိုနာဘက်ကို ထိုးဖောက်မှုတွေ ပြုလုပ်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တာပါ။အဲ့ဒါကြောင့် ပရိသတ်တွေက ဝက်စ်ဟော့စ်ကို ဖယ်လိုင်နီလက်သစ်ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။

ဖယ်လိုင်နီဟာ ယူနိုက်တက်မှာ ကစားခဲ့တဲ့ ၇ နှစ်တာကာလအတွင်းမှာ ဒီနေရာမှာ ပွဲအများအပြားကစားခဲ့ရပြီး အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟော့စ်ဟာ ယူနိုက်တက်အသင်းကို ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ရောက်လာခဲ့တာဖြစ်ပြီး ဒီမှာစာချုပ်ကုန်ဆုံးတာကျော်လွန်တဲ့အထိ ဆက်ရှိစေချင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ