Europa League

ဘာကာကို အနိုင်မယူနိုင်ခဲ့လို့ စိတ်ပျက်နေတဲ့ ဒေါက်တာရက်ရှ်ဖိုဒ့်

ရက်ရှ်ဖိုဒ့်ဟာ ဘာစီလိုနာအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တာကို စိတ်ပျက်နေပြီး သရေကျတာဟာ သူတို့အတွက် ရှုံးနိမ့်သလိုခံစားရတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖိုဒ့်ဟာ ဒီပွဲမှာ ယူနိုက်တက်အတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပြီး ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဘာစီလိုနာအသင်းဘက်ကို အသင်းဦးဆောင်နိုင်မယ့်ဂိုးရခဲ့တာမှာလည်း သူ့ရဲ့ဖန်တီးပေးမှုကနေ ဘာစီလိုနာအသင်းနောက်ခံလူ ကွန်ဒေးက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖိုဒ့်ကတော့ ယူနိုက်တက်အသင်းဟာ ဒီထက်ပိုပြီးထိုက်တန်တယ်လို့ ခံစားနေရပြီး ဒီရလဒ်ကို မကျေမနပ်ဖြစ်နေတာပါ။

ရက်ရှ်ဖိုဒ့်က “ရှုံးနိမ့်သွားသလို ခံစားရတာပါ။ကျွန်တော်တို့ဟာ ပွဲထဲပြန်ဝင်နိုင်ဖို့ အကောင်းဆုံးလုပ်နိုင်ခဲ့သလို၊ အေးဆေးတည်ငြိမ်စွာနဲ့ပဲ စုစည်းနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ဟာ အခွင့်အရေးတွေဖန်တီးပြီး လျင်လျင်မြန်မြန်နဲ့ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်”

“အဲ့ဒီနောက်မှာ ပွဲကိုထိန်းချူပ်နိုင်ခဲ့ပေမယ့် သူတို့က ထိပ်တန်းအသင်းဖြစ်တာကြောင့် ချေပဂိုးရဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒုတိယအကျော့က နောက်ထပ်ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ မျှော်လင့်ပြီး ကျွန်တော်တို့ဟာ ဒီထက်တစ်လှမ်းတိုးပြီးပိုသွားနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ဒုတိယအကျော့ပွဲမကစားခင်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ