ပြင်သစ်လီဂူး

မက်ဆီနဲ့ ပတ်သက်တဲ့ ဘာစီလိုနာရဲ့ အပြောင်းအရွှေ့တွေကို နိဂုံးချုပ်ပေးခဲ့တဲ့ ဂျော့ချ်မက်ဆီ

မက်ဆီရဲ့ဖခင် ဂျော့ချ်မက်ဆီကတော့ သူ့ရဲ့သားဟာ ဘာစီလိုနာအသင်းထံ ပြန်လာမယ်လို့ မထင်ကြောင်း အင်တာဗျူးတစ်ခုမှာ ထုတ်ပြောသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ ထင်ကြေးတွေအမျိုးမျိုးထွက်ပေါ်နေတာပါ။ဘာစီလိုနာအသင်းဟာ မက်ဆီကို ပြန်လည်ခေါ်ယူချင်နေပြီး ပြန်လာမယ်ဆိုရင် တံခါးဖွင့်ထားတယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေချိန်မှာ မက်ဆီကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာနဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းတို့က ပစ်မှတ်ထားနေတာပါ။ဒါတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရအခြေအနေတွေကို မက်ဆီရဲ့ ဖခင်က ပြောလာခဲ့တာဖြစ်ပါတယ်။

ဂျော့ချ်မက်ဆီက “မက်ဆီက ဘာစီလိုနာအသင်းမှာ ထပ်ပြီးကစားမယ်လို့ မထင်ပါဘူး။ကျွန်တော်တို့ ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာနဲ့ စကားပြောဆိုမှုလည်း မရှိသလို ဘာကမ်းလှမ်းမှုမှလည်း မရှိဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာတစ်ခုကိုမှ ပြောခြင်းမရှိသေးတာကြောင့် ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေကြတာပါ။ပီအက်စ်ဂျီအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေ ဆိုးနေတာကြောင့် မက်ဆီဟာ အသင်းအတွက် အပြည့်အဝအာရုံစိုက်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။