Europa League

မနှစ်ကလည်း ရီးရဲလ်ကိုနိုင်ခဲ့ပြီးသားလို့ ယူနိုက်တက်ကို သတိပေးလိုက်တဲ့ ရှရစ်ဖ်နည်းပြ

ရှရစ်ဖ်နည်းပြ တောမက်စ်က သူ့အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ နာမည်ကျော် ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့ဖူးပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာလည်း အတွေ့အကြုံပေါင်းများစွာရှိနေပြီလို့ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် သတိပေးလိုက်ပါတယ်။

ရှရစ်ဖ်ဟာ လာမယ့် ကြာသပတေးနေ့မှာ ယူနိုက်တက်ကို ယူရိုပါလိဂ်အုပ်စုပွဲအဖြစ် အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။ ဒါ့အပြင် ယူနိုက်တက်က အုပ်စုအဖွင့်မှာ ဆိုစီဒက်ကို ၀-၁ ဂိုးနဲ့ အိမ်ကွင်းမှာရှုံးနိမ်ခဲ့သေးတာပါ။

ရှရစ်ဖ်ကတော့ အဝေးကွင်းမှာ အိုမိုနီးယားကို သုံးဂိုးပြတ်နဲ့ ခြေစွမ်းပြအနိုင်ယူခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်အပေါ် တောမက်စ်က “ယူနိုက်တက်က ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးအသင်းပါ။ ပြီးခဲ့တဲ့အပတ်မှာတော့ သူတို့ ပွဲမကန်ခဲ့ရပါဘူး”

“ကျနော်တို့ ကိုယ့်ဘာသာ အကောင်းဆုံးပြင်ဆင်ရမှာဖြစ်ပြီး အခွင့်အရေးယူနိုင်ရမှာပါ။ အရေးကြီးဆုံးက ကျနော်တို့ ဘယ်လို ခံစစ်ကစားမယ်ဆိုတာပါပဲ။ ကျနော်တို့ရဲ့ အခိုက်အတန့်တွေရှိလာမှာပါ။ အများကြီး မဟုတ်သည့်တိုင်အောင်ပေါ့”

“ဒါပေမယ့် ကျနော်တို့ အခွင့်အရေး သေးသေးလေးကအစ အသုံးချရမှာပါ။ ယူနိုက်တက်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရမှာက ကြီးမားတဲ့ စိတ်ဓာတ်လှုံ့ဆော်မှုတခုပါ။ ရော်နယ်ဒို ကစားသည်ဖြစ်စေ၊ မကစားသည်ဖြစ်စေပေါ့”

“ပြီးခဲ့တဲ့နှစ်ကလည်း ကျနော်တို့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့ပါတယ်။ အခု အသင်းက အတွေ့အကြုံရှိ အသင်းတသင်းဖြစ်နေပါပြီ။ ချန်ပီယံလိဂ်မှာရော၊ ယူရိုပါလိဂ်မှာရော ပွဲတွေ အများကြီး ကစားထားပြီး ကျနော်တို့ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပြီထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ကို ပထမဆုံး ဝင်ရောက်ကစားချိန်ကလည်း ရှရစ်ဖ်က ရီးရဲလ်မက်ဒရစ်ကို ဘာနေဗျူးမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီအသင်းရဲ့ စွမ်းဆောင်ရည်ကို မီဒီယာတွေက တခုတ်တရ ချီးကျူးခဲ့ရပြီး အန်ဆယ်လော့တီတောင်မှ ဒီရာသီအထိ ရှရစ်ဖ်ကို ရှုံးခဲ့တဲ့အကြောင်း ပြန်ပြောင်းပြောပြနေရဆဲပါ။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ