လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က တူးလော့စ်နဲ့ပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်မကောင်းတာကြောင့် ရှုံးဖို့ ထိုက်တန်ခဲ့ပေမယ့် ကွင်းဆက်ချ်သွင်းယူခဲ့တဲ့ဂိုးမှာ မက်အယ်လစ္စတာလက်နဲ့ ထိခဲ့ခြင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ တူးလော့စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ တူးလော့စ်အသင်းကို အနောက်ကနေ လိုက်ကစားပြီး မိနစ် ၈၉ မိနစ်မှာ ၃ ဂိုး- ၂ ဂိုးဖြစ်စေမယ့် ချေပဂိုးရရှိခဲ့တာပါ။အဲ့ဒီနောက်မှာ ပိုဖိအားပေးကစားပြီး ကွင်းဆက်ချ်က နာကျင်အချိန်ပို လီဗာပူးလ်အတွက် နောက်ထပ်ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်ဒိုင်လူကြီးဟာ အစောပိုင်းက ဒီသွင်းဂိုးကို ခွင့်ပြုခဲ့ပေမယ့် VAR ရဲ့စစ်ဆေးမှုအပြီး မော်နီတာကို သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ကွင်းဆက်ချ်ဂိုးသွင်းယူချိန်မတိုင်ခင်က မက်အယ်လစ္စတာ လက်နဲ့ ထိခဲ့တယ်ဆိုပြီး သွင်းဂိုးကို ပယ်ဖျက်သွားခဲ့တာပါ။

ကလော့ပ်က “ဒါက လက်ထိဘောမဟုတ်ပါဘူး။မက်အယ်လစ္စတာက ရဲ့ရင်ဘက်နဲ့ ထိပြီးဘောလုံးထွက်သွားခဲ့တာဖြစ်ပြီး လက်မောင်းနဲ့ ထိခဲ့ခြင်းမရှိပါဘူး။သူတို့ဆီမှာတော့ ကျွန်တော်နဲ့ မတူညီတဲ့ ပုံရှိကောင်းရှိမှာပေါ့ဗျာ။ဒီပွဲမှာ ကျွန်တော်တို့ဟာ ရှုံးဖို့ ထိုက်တန်ပြီး သူတို့ကို ဂုဏ်ပြုပါတယ်”လို့ ဆိုခဲ့ပါတယ်။

ကလော့ပ်ဟာ ဒီပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာလည်း တူးလော့စ်အသင်းပရိသတ်တွေရဲ့အော်ဟစ်မှုတွေကြောင့် သတင်းစာရှင်းလင်းဒီမှာ လုပ်တာ ဘယ်သူ့ရဲ့စိတ်ကူးလဲလို့ပြောသွားခဲ့ပါတယ်။