မက်ဆီနဲ့ ဇီဒန်းတို့ ၂ ဦးဟာ Adidas football က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းတဲ့အရာထက် ပိုကောင်းတာမရှိဘူးလို့ ဖြေသွားခဲ့ပါတယ်။

ဇီဒန်းဟာ မက်ဆီနဲ့ အင်တာမိုင်ယာမီမှာ တွေ့ဆုံခဲ့ချိန် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သွင်းတဲ့ဂိုးနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သွင်းတဲ့ဂိုးမှာ ဘယ်ဂိုးက အကောင်းဆုံးလဲဆိုပြီး မေးခဲ့ကြချိန် နှစ်ဦးစလုံးက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သွင်းတဲ့ သွင်းဂိုးလို့ ဖြေသွားခဲ့တာဖြစ်ပါတယ်။
မက်ဆီနဲ့ ဇီဒန်းတို့ ၂ ဦးစလုံးဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာရော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ဂိုးသွင်းပေးပြီး ဆုဖလားတွေပါ ကိုင်မြှောက်ခဲ့ကြတာပါ။အဲ့ဒါကြောင့် သူတို့နှစ်ဦးစလုံးဟာ ဒီထဲက ဘယ်ဟာက ပိုကောင်းလဲဆိုတာကို တူညီစွာဆုံးဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီက “ဥရောပပြိုင်ပွဲတွေမှာရော ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ဂိုးသွင်းယူနိုင်တာက အလွန်ထူးခြားပါတယ်။ဒါပေမယ့် ကမ္ဘာ့ဖလားမှာ ဂိုးသွင်းတာက ပိုပြီးထူးခြားပါတယ်။ဒါက ပွဲတွေအပေါ်မှာမူတည်ပြီး ချန်ပီယံလိဂ်မှာ ဂိုးသွင်းဖို့ကလည်း ကောင်းမွန်တဲ့ အခိုက်အတန့်ဖြစ်နိုင်ပါတယ်”ပြောခဲ့ပါတယ်။
ဇီဒန်းက “လီယိုရေ ဒါက မင်းအတွက်ပဲ ငါဖြေနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင် မကြာသေးခင်ကမှ အာဂျင်တီးနားအသင်းနဲ့ ဗိုလ်လုပွဲမှာ မင်းဒါကို လုပ်ခဲ့ပြီးပြီလေ”လို့ ဆိုခဲ့ပါတယ်။

မက်ဆီက “ဒါက သေချာတယ်။ ဒီဂိုးကအကောင်းဆုံးပါပဲ။ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်တာက အကောင်းဆုံးပဲလို့ ထင်ပါတယ်။ဒါကို ကျွန်တော်တို့နှစ်ဦးစလုံး ပြောလို့ရတာပဲလေ”
ဇီဒန်းက “မှန်တာပေါ့။ငါ သဘောတူတယ်။တခြားအရာတွေက ဘာမှမရှိပါဘူး”လို့ ဖြေခဲ့ပါတယ်။