Europa League

ဘက်တစ်ကို အနိုင်ကန်ပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ်တက်ဖို့ နီးစပ်ခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ စပိန်ကလပ် ဘက်တစ်အသင်းနဲ့ ကစားခဲ့ရာမှာ ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲမလုပ်ဘဲ ဘက်တစ်အသင်းကို ယှဉ်ပြိုင်ခဲ့တာပါ။ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၃ ဂိုးထပ်သွင်းပြီး ဂိုးပြတ်အနိုင်ရလဒ်ကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အတွက်ဂိုးတွေကို ရက်ရှ်ဖိုဒ့်၊အန်တိုနီ၊ဘရူနိုဖာနန်ဒက်စ်နဲ့ ဝက်ဂ်ဟော့စ်တို့က သွင်းယူခဲ့ပြီး ဘက်တစ်အတွက်ဂိုးကို ပီရတ်ဇ်က သွင်းယူခဲ့တာပါ။ဝက်ဂ်ဟော့စ်ကတော့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးအိုးထရက်ဖိုဒ့်သွင်းဂိုးကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဂိုးကန်သွင်းခွင့်အများအပြားရခဲ့ပြီး အဆုံးသတ်သာသေချာရင် ဒီထက်ပိုပြီး အနိုင်ရလဒ်ပြတ်သားသွားမှာပါ။ဒါပေမယ့် လက်ရှိရလဒ်ကြောင့် ကွာတားဖိုင်နယ်တက်ဖို့ နီးစပ်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ အိုးထရက်ဖိုဒ့်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ