Europa League

ပွဲကစားရတာမှမကြာသေး လူစာရင်းကနေ ချန်တာခံခဲ့ရပြန်တဲ့ ပေါ့ဘာ

ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာဟာ ဖရိုင်းဘတ်နဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာတော့ စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းပြချက်နဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ဖရိုင်းဘတ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာပါ။ပေါ့ဘာဟာ ဒဏ်ရာရရှိခြင်းမရှိဘဲ အသင်းရဲ့အစည်းအဝေးကို နောက်ကျပြီးမှ ရောက်တာကြောင့် အခုလို ဂျူဗင်တပ်စ်အသင်းရဲ့လူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်ကမှ ဒဏ်ရာကနေ သက်သာပြီး ဂျူဗင်တပ်စ်အတွက်ပထမဆုံးပွဲ ပါဝင်နိုင်ခဲ့တဲ့ ပေါ့ဘာအတွက်တော့ စိတ်ပျက်စရာကြုံတွေ့ခဲ့ရတာပါ။ပေါ့ဘာဟာ အခုမှ ဂျူဗင်တပ်စ်အသင်းအတွက် ၂ ပွဲသာပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာကတော့ လူစာရင်းကနေ ချန်ခံရတာနဲ့ပတ်သက်ပြီး ဘာတုန့်ပြန်မှုမရှိသေးပါဘူး။ပေ့ါဘာအနေနဲ့ ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင် လာမယ့်ပွဲစဉ်တွေမှာလည်း လူစာရင်းကနေ ထပ်ပြီးချန်ခံခဲ့နိုင်တာပါ။

စီးရီးအေမှာ အမှတ်လျှော့ခံထားရတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်ဖို့ အပြည့်အ၀ အာရုံစိုက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ