Europa League

လီဗာပူးလ်က ယူနိုက်တက်ကို ၇ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတာကို သဘောကျတယ်လို့ ပြောလာတဲ့ ပယ်လီဂရီနီ

ရီးရယ်ဘက်တစ်အသင်းကို ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းနည်းပြဟောင်း ပယ်လီဂရီနီက လီဗာပူးလ်က ယူနိုက်တက်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရတာကို သဘောကျတယ်လို့ ယူရိုပါလိဂ်ပွဲမတိုင်ခင်မှာ ပြောလိုက်ပါတယ်။

ယူနိုက်တက်နဲ့ ဘက်တစ်အသင်းတို့ဟာ မနက်ဖြန်မနက်ပိုင်းမှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် အိုးထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ပယ်လီဂရီနီဟာ မန်စီးတီးအသင်းကို ၃ နှစ်ကြာကိုင်တွယ်ခဲ့ရာမှာ လိဂ်ဖလား ၂ ကြိမ်နဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။

ပယ်လီဂရီနီက “ဒီရလဒ်က မယုံနိုင်စရာပါပဲ။ကျွန်တော်တို့ဟာ ရီးရယ်လ်အသင်းနဲ့ ကစားရမှာဖြစ်လို့ ပထမပိုင်း ၄၅ မိနစ်ပဲ ကြည့်ခဲ့ရပါတယ်။ဒါကြောင့် လီဗာပူးလ်က နောက်ထပ် ၆ ဂိုးကို ဘယ်အချိန်တွေမှာ သွင်းနိုင်ခဲ့လဲဆိုတာကို ကျွန်တော်မမြင်တွေ့ခဲ့ရပါဘူး”

“ဒါပေမယ့် ယူနိုက်တက်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်ချက်ချင်းနားလည်ခဲ့ပါတယ်။လီဗာပူးလ်နဲ့ ယူနိုက်တက်အကြားပြိုင်ဆိုင်မှုကြောင့် ဂိုးအများအပြားသွင်းယူနိုင်ဖို့ဆိုတာ လွယ်ကူမှာမဟုတ်ပါဘူး။ဒါပေမယ့် ကျွန်တော်က မန်စီးတီးပရိသတ်ပါ။ဒီလိုဖြစ်ခဲ့တဲ့အရာတွေအတွက် စိတ်မကောင်းပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘက်တစ်အသင်းဟာ ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် ရီးရယ်လ်အသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ