Europa League

လီဗာပူးလ်ကစားသမားဘ၀ သွင်းဂိုး ၂၀၀ ပြည့်ဖို့ ၁ ဂိုးသာလိုတော့တဲ့ ဆာလတ်

တိုက်စစ်မှူး ဆာလတ်ဟာ လီဗာပူးလ်အသင်းက LASK အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် လီဗာပူးလ်အသင်းကစားသမားဘ၀ သွင်းဂိုး ၁၉၉ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။

၂၀၁၇ က ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာလတ်ဟာ လီဗာပူးလ်အသင်းအတွက် ရာသီတိုင်း အကောင်းဆုံးခြေစွမ်းပြသနေတာဖြစ်ပြီး ပွဲပေါင်း ၃၂၃ ပွဲကစားအပြီးမှာ ၁၉၉ ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။ဆာလတ်ဟာ LASK အသင်းနဲ့ပွဲမှာ လူစားသာလဲမခံရရင် လီဗာပူးလ်ကစားသမားဘ၀ သွင်းဂိုး ၂၀၀ ပြည့်တဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်တော့မှာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဆာလတ်ဟာ အန်ဖီးလ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၉ ပွဲမှာ ဂိုး ၂၀ အထိသွင်းယူထားပြီး အိမ်ကွင်းမှာ ဂိုးသွင်းယူရတာကို နှစ်သက်နေတာပါ။ဆာလတ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၁၈ ပွဲကစားထားအပြီးမှာ ၁၂ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။

ဆာလတ်ဟာ LASK အသင်းရဲ့ပွဲအပြီးမှာ LASK ကစားသမားတွေရဲ့ဂျာစီတောင်းဆိုမှုကို ခံခဲ့ရပြီး ပထမတစ်ဦးကို ပေးအပြီးမှာ နောက်တစ်ဦးကိုလည်း အထဲရောက်ရင်ပေးမယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ