Champion League

ကိုပေဟေဂင်နဲ့ပွဲက ဂါနာချိုရဲ့လုပ်ရပ်ကို အာဆင်နယ်ကစားသမားဟောင်းဝေဖန်

အာဆင်နယ်ကစားသမားဟောင်း ကယ်လ်စထရွန်က ယူနိုက်တက်အသင်းက ကိုပေဟေဂင်အသင်းကို အနိုင်ရတဲ့ပွဲမှာ ကိုပေဟေဂင်အသင်းပင်နယ်တီမကန်ခင် ပင်နယ်တီကန်သွင်းတဲ့နေရာမှာ ပြုလုပ်ခဲ့တဲ့ ဂါနာချိုရဲ့လုပ်ရပ်ကို ဝေဖန်သွားခဲ့ပါတယ်။

ကိုပေဟေဂင်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့နောက်ဆုံးမိနစ်မှာ ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပြီး လာဆင်က ကန်သွင်းခဲ့တာကို ယူနိုက်တက်အသင်းဂိုးသမား အိုနာနာက ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပင်နယ်တီမကန်ခင်မှာ ယူနိုက်တက်ကြယ်ပွင့် ဂါနာချိုဟာ နှစ်ဖက်ကစားသမားတွေ ကွင်းလယ်ဒိုင်လူကြီးနဲ့ စကားပြောနေချိန်မှာ ပင်နယ်တီကန်သွင်းမယ့်နေရာကို သူရဲ့ဖိနပ်နဲ့ နင်းခြေနေခဲ့တာပါ။

ဂါနာချိုရဲ့လုပ်ရပ်ကို TV4 မှာ ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ကယ်လ်စထရွန်က ဝေဖန်ခဲ့တာဖြစ်ပါတယ်။ဆွီဒင်လက်ရွေးစင်ကစားသမားဟောင်းဟာ ၂၀၀၄ ခုနှစ်က အာဆင်နယ်အသင်းမှာ အငှားနဲ့ လာရောက်ကစားခဲ့တာပါ။

ကယ်လ်စထရွန်က “အတော်ကို ရုပ်ဆိုးလွန်းတဲ့လုပ်ရပ်ပါ။ဒါက ကလေးဆန်တဲ့လုပ်ရပ်ဖြစ်ပြီး ကလေးအဆင့်ပဲရှိတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။တင်ဆက်သူတစ်ဦးကလည်း ဂါနာချိုအနေနဲ့ သူ့ရဲ့လုပ်ရပ်အတွက် အရေးယူခံရသင့်တယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ ကိုပေဟေဂင်အသင်းနည်းပြတို့ကတော့ ဂါနာချိုရဲ့လုပ်ရပ်ကို မမြင်တွေ့ခဲ့ဘူးလို့ ပြောခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။