Champion League

သိပ်ကိုလှပတဲ့ညပဲလို့ PSV ကို အနိုင်ရပြီးနောက်ပြောလိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက ကာလရှည်စောင့်ဆိုင်းခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ပြန်အလာမှာ PSV အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီးနောက် လှပတဲ့ညတစ်လို့ ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ၆ နှစ်အကြာမှ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဂိုးပြတ်အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့တာပါ။အာဆင်နယ်အသင်းအတွက်ဂိုးတွေကို ဆာကာ၊ ထရိုဆာဒ့်၊ဂျီးဆပ်စ်နဲ့ အော်ဒီဂတ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေရနေတဲ့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အကောင်းဆုံးပုံစံတွေပြသခဲ့ပေမယ့် အသင်းဟာ ဒီထက်ပိုပြီးကောင်းလာနိုင်တယ်လို့ အာတီတာက ပြောခဲ့ပါတယ်။

အာတီတာက “ဒါဟာ အချိန်အတော်ကြာပြီးမှ လှပတဲ့ညတစ်ညဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ဟာ ပွဲကိုအနိုင်ရဖို့အတွက် မှန်ကန်တဲ့စွမ်းဆောင်ရည်တွေကို ပေးချင်တာပါ။ချန်ပီယံလိဂ်အငွေ့အသက်တွေနဲ့ သီချင်းတွေကို မြင်တွေ့ရတာကလည်း တကယ်ကိုကောင်းပါတယ်”

“ကျွန်တော်ဟာ တကယ်ကိုစိတ်လှုပ်ရှားခဲ့ပြီး အသင်းအနေနဲ့ ဒီထက်အများကြီးပိုကောင်းလာနိုင်တဲ့အရာတွေရှိသေးတယ်”လို့ ပြောခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။