Champion League

လိုက်ပ်ဇစ်နဲ့ပွဲမှာ ဂိုးပေါက်ကာကွယ်မှု ၉ ကြိမ်အထိပြုလုပ်နိုင်ခဲ့တဲ့ လူနင်

ယူကရိန်းဂိုးသမား လူနင်ဟာ ရီးရယ်လ်မက်ဒရစ်အသင်းက လိုက်ပ်ဇစ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ရီးရယ်လ်အသင်းအတွက် ဂိုးပေါက်ကာကွယ်မှု ၉ ကြိမ်အထိ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ကစားသမားဘဝပထမဆုံးချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်ကို ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ လူနင်ဟာ ရီးရယ်လ်အသင်းရဲ့ဂိုးပေါက်ကို အကောင်းဆုံးကာကွယ်ပေးခဲ့ပြီး Clean Sheet နဲ့အတူ အရေးပါတဲ့ နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ရီးရယ်လ်အသင်းဟာ အဓိကဂိုးသမား ကော့တွိုက်စ်ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ချယ်လ်ဆီးအသင်းဂိုးသမား ကီပါကို အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကီပါဟာ အမှားအယွင်းပြုလုပ်နေပြီး လူနင်က အကောင်းဆုံးပုံစံတွေရနေတာကြောင့် ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ အရေးကြီးတဲ့ပွဲတွေမှာ လူနင်ကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုနေတာပါ။လူနင်ကလည်း နည်းပြရဲ့ယုံကြည်မှုကို မပျက်စေအောင် ပါဝင်တဲ့ပွဲတိုင်း လက်စွမ်းပြသနေတာဖြစ်ပါတယ်။

လူနင်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၁၇ ပွဲပါဝင်ကစားထားပြီး ၈ ပွဲဂိုးမပေးရအောင် စွမ်းဆောင်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။