Champion League

၂၀၁၈ ဗိုလ်လုပွဲနောက်ပိုင်း ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်ပွဲထွက်လာဖို့ ရှိနေတဲ့ ကာရီးယက်စ်

ကာရီးယက်စ်ဟာ လီဗာပူးလ်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ၂၀၁၈ ဗိုလ်လုပွဲနောက်ပိုင်း ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အေစီမီလန်အသင်းနဲ့ ကစားမယ့်ပွဲမှာ နယူးကာဆယ်အသင်း
အတွက် ပွဲထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။

နယူးကာဆယ်အသင်းဟာ ဂိုးသမား အခက်အခဲနဲ့ ကြုံတွေ့နေရပြီး နံပတ်တစ်ဂိုးသမား နစ်ပုပ်ဟာ ပခုံးဒဏ်ရာကြောင့် ၄ လကြာအနားယူရဖွယ်ရှိနေသလို နောက်ထပ်ဂိုးသမားဖြစ်တဲ့ ဒူဘရာကာကလည်း အေစီမီလန်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။ဒူဘရာကာဟာ နယူးကာဆယ်အသင်းရဲ့နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်ခဲ့တာကြောင့် အေစီမီလန်အသင်းနဲ့ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မသေချာတာပါ။

အဲ့ဒါကြောင့် ကာရီးယက်စ်ဟာ နယူးကာဆယ်အသင်း ကစားသမားဘ၀ ဒုတိယမြောက်ပွဲစဉ်အဖြစ်နဲ့ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးနောက် ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အေစီမီလန်အသင်းနဲ့ ပွဲမှာ ပါဝင်လာဖို့ ရှိနေတာဖြစ်ပါတယ်။ကာရီးယက်စ်ဟာ လီဗာပူးလ်အသင်းက ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြုလုပ်ခဲ့တဲ့ အမှားအယွင်းတွေကြောင့် ကစားသမားဘ၀ကို အိပ်မက်ဆိုးတွေနဲ့ ဖြတ်သန်းနေခဲ့ရတာပါ။

ကာရီးယက်စ်ဟာ ဒီအဖြစ်အပျက်အပြီးမှာ ဘက်ဆီးတပ်စ်၊ ယူနီယံဘာလင်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းမှာ နယူးကာဆယ်အသင်းထံ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ကာရီးယက်စ်ဟာ နယူးကာဆယ်အသင်းကစားသမားဘ၀ ပထမဆုံးပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်အသင်းနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။