Champion League

ဒီကလန်ရိုက်စ်ကို ဗဟိုနောက်ခံလူအဖြစ် အသုံးပြုခဲ့တဲ့အကြောင်း ပြောခဲ့တဲ့ အာတီတာ

PSV အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒီကလန်ရိုက်စ်ကို ဗဟိုနောက်ခံလူအဖြစ် အသုံးပြုခဲ့ပြီးနောက် နည်းပြ အာတီတာက ခံစစ်မှာ တစ်ခုခုဖြစ်လာရင်အသုံးပြုဖို့ စမ်းသပ်ကြည့်တာလို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ခဲ့ပြီးဖြစ်လို့ PSV အသင်းနဲ့ပွဲမှာ ကစားသမားအများအပြားကို ပြောင်းလဲပွဲထုတ်ခဲ့ပြီး ဂါဘရီရယ်လ် ၊ ဆာလီဘာနဲ့ ဟာဗက်ဇ်တို့ကိုသာ ပုံမှန်အသုံးပြုသွားခဲ့တာပါ။အာတီတာဟာ ဒုတိယပိုင်းမိနစ် ၆၀ ကျော်မှာတော့ ဆာလီဘာကို လူစားလဲပြီး ဒီကလန်ရိုက်စ်ကို ဗဟိုခံစစ်နေရာမှာ အသုံးပြုသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ခံစစ်ပိုင်းဒဏ်ရာတွေကြောင့် ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခဲ့ရပြီးနောက် ဒီရာသီမှာ အလားတူအဖြစ်အပျက်မျိုးထပ်မဖြစ်အောင် ဒီကလန်ရိုက်စ်ကိုပါ ဗဟိုခံစစ်နေရာမှာ အသုံးပြုလို့ရအောင် နည်းပြ အာတီတာက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အာတီတာက “ကျနော်တို့ရဲ့ ခံစစ်မှာ တစ်ခုခုဖြစ်လာတဲ့အချိန် ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် အမှန်တကယ်ကြိုးစားကြည့်ချင်ခဲ့တာပါ။ဒီကလန်ရိုက်စ်ဟာ အရင်ကလည်း ဒီနေရာမှာ ကစားခဲ့ပြီး အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားရမှာပါ။ကျနော်တို့ကွက်လပ်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဖြည့်ဆည်းဖို့ သေချာအောင်လုပ်ဆောင်ချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။