Champion League

ဘိုင်ယန်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ မက်ဂွဲယားနဲ့ လုပ်ခ်ရှောရဲ့အခြေအနေကိုပြောခဲ့တဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ နောက်ခံလူ မက်ဂွဲယားနဲ့ လုပ်ခ်ရှောတို့ရဲ့အခြေအနေကို ပြောလာခဲ့ပါတယ်။

မက်ဂွဲယားဟာ ပထမပိုင်းမှာ​ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး ဆက်ကစားဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေတော့တဲ့အတွက် ချက်ချင်းလူစားလဲခဲ့ရတာပါ။လုပ်ခ်ရှောကတော့ ပထမပိုင်းမှာ ပါဝင်ကစားခဲ့ပေမယ့် တံကောက်ကြောသံသယကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ယူနိုက်တက်ကတော့ ဒီပွဲမှာ အရေးနိမ့်ပြီး ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်တာပါ။

အဲရစ်တန်ဟတ်က “သူတို့ရဲ့ဒဏ်ရာအခြေအနေအတွက် ၂၄ နာရီစောင့်ဆိုင်းရမှာပါ။ပြီးရင်တော့ အကဲဖြတ်မှုနဲ့အတူ ဒဏ်ရာကိုအတိမ်အနက်ကိုသိရမှာပါ။ဒါကြောင့် ကျွန်တော်တို့ စောင့်ဆိုင်းရမှာပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲမတိုင်ခင် မက်ဂွဲယားနဲ့ လုပ်ခ်ရှောရဲ့ဒဏ်ရာဟာ ယူနိုက်တက်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အဓိက ကစားသမားအများအပြားကို ဒဏ်ရာကြောင့် ဆုံးရှုံးထားရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။