Champion League

ချန်ပီယံလိဂ်ပြိုင်ပွဲဆီပြန်လာချင်တယ်လို့ ချန်ပီယံလိဂ်ကထွက်ရအပြီးမှာ ဆိုခဲ့တဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဘိုင်ယန်မြူးနစ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် ဒီပြိုင်ပွဲဆီပြန်လာချင်တယ်လို့ ဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် ၆ ပွဲကစားအပြီးမှာ နိုင်ပွဲ ၁ ပွဲသာရရှိခဲ့ပြီး ပေးဂိုး ၁၅ ဂိုးနဲ့ အဆိုးရွားဆုံးစံချိန်မှတ်တမ်းတွေကိုပိုင်ဆိုင်ခဲ့တာပါ။ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်တောင် ယှဉ်ပြိုင်ခွင့်မရခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲပြန်လည်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ပရီးမီးယားလိဂ်ကို အာရုံစူးစိုက်ရတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာရပ်တည်နေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ယှဉ်ပြိုင်ချင်ရင် ရလဒ်ကောင်းတွေရယူနိုင်ဖို့ လိုအပ်နေတာပါ။နည်းပြ အဲရစ်တန်ဟတ်က ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့အတွက် နောင်တရာစရာမရှိဘဲ ဒီကနေ သင်ယူမှုတွေပြုလုပ်ရမယ်လို့ ဆိုခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ ဒီပြိုင်ပွဲကနေ သင်ယူမှုတွေပြုလုပ်ရပါမယ်။ချန်ပီယံလိဂ်မှာ ကျနော်တို့ ဘောလုံးကောင်းမွန်စွာကစားနိုင်ခဲ့ပါတယ်။ဒီကနေပြီး ပရီးမီးယားလိဂ်မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အချို့ကို ရယူရပါမယ်။ကျနော်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လာချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၄ ပွဲမှာ ၁၂ ပွဲအထိရှုံးနိမ့်ထားပြီး လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။