Champion League

ရီးရယ်လ်ကို အိပ်ပျော်မနေနဲ့ဦးလို့ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ယူပြီးနောက် ဂွာဒီယိုလာပြော

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အင်တာမီလန်အသင်းကို အနိုင်ရပြီး မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ဖလား ပထမဆုံးအကြိမ်ရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပြီးနောက် ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးရယ်လ်ကို သတိပေးသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဒုတိယအကြိမ်မြောက်တက်တဲ့ အခုနှစ်မှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။အဲ့ဒါကြောင့် မန်စီးတီးအသင်းရဲ့အိပ်မက်တွေ ပြည့်စုံသွားခဲ့ပေမယ့် ဂွာဒီယိုလာကတော့ နောက်ထပ်အောင်မြင်မှုတွေကို ထပ်ပြီးရယူချင်နေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူခဲ့ပြီးနောက် တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်တဲ့ အင်္ဂလန်ရဲ့ဒုတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်။မန်စီးတီးအသင်းဟာ ၁၉၉၉ က ယူနိုက်တက်ရဲ့အောင်မြင်မှုကို လိုက်မှီနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာကတော့ နောက်ထပ်ချန်ပီယံလိဂ်ဆုဖလားအများအပြားကိုလည်း ထပ်ပြီးရယူချင်နေတယ်လို့ ပြောခဲ့တာပါ။ဂွာဒီယိုလာက”ရီးရယ်လ်မက်ဒရစ်အနေနဲ့သတိထားဖို့လိုပါတယ်။ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဆုဖလားနဲ့ ၁၃ ကြိမ်ဝေးကွာနေပေမယ့် လမ်းကြောင်းပေါ်မှာရှိနေပါတယ်”

“ရီးရယ်လ်အနေနဲ့ အနည်းငယ်အိပ်ပျော်သွားမယ်ဆိုရင်ကျွန်တော်တို့ အမှီလိုက်မှာပါ”လို့ ပြောခဲ့ပါတယ်။မန်စီးတီးအသင်းဟာ အခုနှစ်ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ရီးရယ်လ်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။