Champion League

လာမယ့်နှစ်ရာသီမှာ ဆုဖလား ၃ လုံးရအောင် ထပ်ပြီးလုပ်ချင်တယ်လို့ ဆိုခဲ့တဲ့ ဟာလန်း

အင်တာမီလန်အသင်းကို အနိုင်ရပြီးတစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်ခဲ့ပြီးနောက်လာမယ့်ရာသီမှာလည်း ဒီလိုမျိုးထပ်ပြီးလုပ်ချင်တယ်လို့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ပြောခဲ့ပါတယ်။

ဟာလန်းဟာ အင်တာမီလန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းအတွက် ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီအသင်းရရှိခဲ့တဲ့ ပရီးမီးယားလိဂ်၊အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားရယူခဲ့ရာမှာ အဓိကကစားသမားအဖြစ်ရှိခဲ့တာပါ။ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၅၂ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။

ဟာလန်းက “ကျွန်တော့်ရဲ့အရိုင်းစိုင်းဆုံးအိပ်မက်ထဲမှာတောင်အသက် ၂၂ နှစ်အရွယ်နဲ့ ဒီလိုဖြစ်လာမယ်လို့ မထင်ထားပါဘူး။နော်ဝေရှိမြို့ငယ်လေးတစ်ခုက ကောင်လေးတစ်ယောက်က ဒါကိုလုပ်နိုင်ကြောင်းပြသခဲ့ပါတယ်။ဒါက ကျွန်တော့်ရဲ့ဇာတိမှာရှိတဲ့ တခြားဘောလုံးကစားနေတဲ့ လူငယ်တွေကို စိတ်ဓါတ်တက်ကြွစေပါတယ်”

“ရက်အနည်းငယ်ကြာတဲ့အချိန်မှာ ဒီဆုဖလားကို ဆွတ်ခူးနိုင်တဲ့ ခံစားချက်ကို ထပ်ပြီးလုပ်ချင်တယ်ဆိုတာ သေချာပါတယ်။ဒီရာသီမှာ ကျွန်တော်တို့ ရယူခဲ့တဲ့ ဆုဖလားတွေကို ကာကွယ်ရပါမယ်။ကျွန်တော်ကလည်း ဒီထက်ပိုပြီးတိုးတက်နိုင်ပါသေးတယ်”လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် နည်းပြ ဂွာဒီယိုလာဟာ သူ့ကို ထပ်ပြီးတိုးတက်မှုတွေရရှိအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေပြီး ဂွာဒီယိုလာလိုနည်းပြမျိုးနဲ့ လက်တွဲခွင့်ရတာက သူ့အတွက်ကောင်းတယ်လို့ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။