Champion League

မန်စီးတီးက မိမိတို့ကို ဖျက်ဆီးပစ်မှာလား ကြည့်တာပေါ့ဆိုတဲ့ တိုနီကရူးစ်

ရီးရယ်လ်အသင်းကွင်းလယ်ကစားသမား တိုနီကရူးစ်က မန်စီးတီးအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်စီးတီအသင်းက သူတို့ကို ဖျက်ဆီးသွားအောင် လုပ်မယ်ဆိုပြီး ဝိန်းရွန်နီပြောခဲ့တဲ့ အပေါ် တုံ့ပြန်လာခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆီမီးဖိုင်နယ်မှာ ရှုံးထားတဲ့ ရှုံးကြွေးကို ဒီတစ်ကြိမ်တွေ့ဆုံမှုမှာ ပြန်ပြီးလက်စားချေနိုင်ဖို့ စိတ်အားထက်သန်နေတာပါ။ဝိန်းရွန်နီကလည်း မန်စီးတီးက ရီးရယ်လ်ကို အနိုင်ယူရုံတင်မဟုတ်ဘူး ဖျက်ဆီးပစ်မှာလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး တိုနီကရူးစ်က “ရွန်နီက မန်စီးတီးက ကျွန်တော်တို့ ဖျက်ဆီးပစ်မှာလားလို့ပြောခဲ့ပါတယ်။မနှစ်ကရာသီကလည်း ဒီလိုတွေပဲ ပြောကြတာပါပဲ။ပြီးတော့ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားကိုရယူနိုင်ခဲ့ပါတယ်”

“ဒါက ကျွန်တော်တို့အပေါ် သက်ရောက်မှုမရှိပါဘူး။ကျွန်တော်တို့မှာ လုံလောက်အောင်ကောင်းမွန်တဲ့ စိတ်ဓါတ်တွေရှိပြီးသားပါ”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ရီးရယ်လ်အသင်းကို လက်စားချေမယ်ဆိုတဲ့ ပုံစံအတိုင်းသွားရင် ကြီးမားတဲ့ အမှားဖြစ်လိမ့်မယ်လို့ ကစားသမားတွေကို သတိပေးထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။