International

ငွေကြေးအများအပြားနဲ့ မက်ဆီ ဆော်ဒီကိုပြောင်းမယ့် သတင်းတွေကို ငြင်းဆန်ခဲ့တဲ့ ဖခင်

မက်ဆီဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းနဲ့ ပေါင် ၅၂၂ သန်းတန်ကြေးရှိ စာချုပ်မှာလတ်မှတ်ထိုးပြီး အခုရာသီအကုန်မှာ ပြောင်းတော့မယ်ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကို ဖခင်ဖြစ်သူ ဂျော့ချ်မက်ဆီက ငြင်းဆန်လိုက်ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး မကြာသေးခင်က ဆော်ဒီခရီးစဉ်ကြောင့် အရေးယူမှုတွေခံရပြီးနောက် အာဂျင်တီးနားကစားသမားဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

မက်ဆီဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်ထံပြောင်းတော့မယ့် သတင်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာကြောင့် ဖခင်ဖြစ်သူက အလျင်အမြန်ကြေညာချက်ထုတ်ကာ ဖြေရှင်းခဲ့ရတာပါ။

ဂျော့ချ်မက်ဆီက “မက်ဆီဟာ လာမယ့်ရာသီအတွက် ဘယ်အသင်းနဲ့မှ သဘောတူညီမှုမရသေးပါဘူး။သူဟာ ပီအက်စ်ဂျီအသင်းနဲ့ လိဂ်ပွဲမပြီးဆုံးမချင်း ဆုံးဖြတ်ချက်ကို ချဦးမှာမဟုတ်ပါဘူး။ရာသီကုန်မှသာ ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက်ချမှာပါ။ကောလဟာတွေကရှိတက်ပြီး အတော်များများက လီယွန်နယ်ကို နာမည်ဆိုးအတွက် အသုံးပြုကြပါတယ်”

“အမှန်တရားကတော့ ဘယ်အသင်းနဲ့မှ သဘောတူညီမှုမရဘူးဆိုတာကို အာမခံပါတယ်။နှုတ်နဲ့ပဲဖြစ်ဖြစ်၊ လတ်မှတ်ထိုးခြင်းလည်းမရှိ၊သဘောတူညီမှုလည်းမရှိပါဘူး။ဒါဟာ ရာသီအကုန်ထိ ရှိမှာမဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို