မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ယန်းဘွိုင်းစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက်ဂိုးသွင်းယူပြီးနောက် ချယ်လ်ဆီးအသင်းတိုက်စစ်မှူးဟောင်း ဒရော့ဘာရဲ့အထင်ကရအောင်ပွဲခံပုံစံအတိုင်း အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာ မန်စီးတီးအသင်းတိုက်စစ်မှူးဟာလန်းဟာ ဂတ်မူလာဆုကို ရယူနိုင်ခဲ့ပြီးနောက် ဒီအစဉ်ကို တင်ဆက်သူအဖြစ်ဆောင်ရွက်နေတဲ့ ဒရော့ဘာက မင်းနောက်ထပ်ဂိုးသွင်းပြီးရင် ငါနဲ့ ဂယ်ရီလိုင်နီတို့နှစ်ဦးထဲက တစ်ဦးရဲ့အောင်ပွဲခံပုံကို ရွေးချယ်ရမယ်လို့ ပြောခဲ့တာပါ။
ဟာလန်းကတော့ ယန်းဘွိုင်းစ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် ဒရော့ဘာရဲ့အောင်ပွဲခံပုံကို ရွေးချယ်ပြီး အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။ဒရော့ဘာကတာ့ ဟာလန်းရဲ့ဂိုးသွင်းပြီးအောင်ပွဲခံတဲ့ပုံကို သူရဲ့အောင်ပွဲခံပုံနဲ့ ယှဉ်တွဲပြီး သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ်ရှိဟာလန်းဟာ မန်စီးတီးအသင်းကစားသမားဘဝမှာ ပွဲပေါင်း ၇၀ ပါဝင်ကစားထားအပြီး ၆၇ ဂိုးအထိသွင်းယူကာ စံချိန်သစ်တွေကို တင်နေခဲ့တာလည်း ဖြစ်ပါတယ်။