Champion League

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် ပီပီမှတ်တမ်းတင်

ပေါ်တူဂီဝါရင့်နောက်ခံလူ ပီပီဟာ ပေါ်တိုအသင်းက အန့်ဝပ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ပီပီဟာ အန့်ဝပ်အသင်းဘက်ကို ဂိုးသွင်းယူတဲ့အချိန်မှာ သူ့ရဲ့အသက်ဟာ ၄၀ နှစ်နဲ့ ၂၅၄ ရက်ရှိနေခဲ့တာဖြစ်ပြီး အရင်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ထားတဲ့ တော့တီရဲ့စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ပီပီဟာ မကြာသေးခင်ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အသက်အကြီးဆုံးကစားသမား ဂိုးသမားမဟုတ်တဲ့သူအဖြစ်လည်း စံချိန်တင်ထားခဲ့တာပါ။

ပီပီကတော့ ဒီသွင်းဂိုးဟာ သူ့အမေအတွက် မွေးနေ့လက်ဆောင်ပေးတာလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ပီပီက “ဒီနေ့က ကျွန်တော်ရဲ့အမေမွေးနေ့လည်းဖြစ်တဲ့အတွက် အထူးနေ့ပါပဲ။ကျွန်တော်သူမအတွက် ဂိုးသွင်းယူပေးမယ်ဆိုပြီး ပြောခဲ့ပါသေးတယ်”

“ဒီအသက်အရွယ်မှာ ဒီလိုနေရာမှာရှိနေတာကိုက မယုံနိုင်စရာပါပဲ။ဒါက ကြိုးစားမှု၊ အနစ်နာခံမှုနဲ့ ဘောလုံးအပေါ် စိတ်အားထက်သန်မှုပြင်းထန်လို့ပါ။ကျွန်တော်ဟာ ပေါ်တိုအတွက် နေ့တိုင်းအကောင်းဆုံးပေးဆပ်သွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

ပေါ်တိုအသင်းဟာ အန့်ဝပ်အသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုထိပ်ဆုံးနေရာက ဘာစီလိုနာအသင်းနဲ့ ရမှတ်တူ ၉ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။