Champion League

ချန်ပီယံလိဂ်ဖလားကို မန်စီးတီးဆက်ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ဆိုခဲ့တဲ့ ကိုပင်ဟေဂင်နည်းပြ

ကိုပင်ဟေဂင်အသင်းနည်းပြ နီးစထရပ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီး သူတို့ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ဒီရာသီချန်ပီယံလိဂ်ဖလားကို မန်စီးတီးအသင်းပဲ ရယူနိုင်လိမ့်မယ်လို့ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ကိုပင်ဟေဂင်အသင်းနဲ့ပွဲမှာ ပြီးခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၇ ဦးအထိအပြောင်းအလဲပြုလုပ်ပြီး ပွဲထွက်ခဲ့ပေမယ့် ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး-၂ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့သလို ဒီရာသီမှာလည်း ထပ်ပြီးရယူနိုင်ဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

ကိုပင်ဟေဂင်နည်းပြ နီးစထရပ်က”သူတို့ဟာ ချန်ပီယံလိဂ်ဖလားကို ထပ်ပြီးရယူနိုင်ပါလိမ့်မယ်။သူတို့ဟာ အရာရာတိုင်းအတွက် အဆင့်တက်နေပါပြီ။ကျနော်တို့ မန်စီးတီးနဲ့ ၂ ရာသီဆက်တိုက်ကစားခဲ့ရပြီး သူတို့ပိုပြီးကောင်းလာပါတယ်။သူတို့မှာ ထိပ်တန်းကစားသမားတွေရှိပြီး ဖွဲ့စည်းပုံကလည်း အံ့မခန်းပါပဲ။သူတို့ဟာ အလုပ်လည်း ကြိုးစားကြတယ်”လို့ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူတို့ဟာ ချန်ပီယံလိဂ်ဖလားကို ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောထားခဲ့တာပါ။အဲ့ဒါကြောင့် မန်စီးတီးအသင်း ချန်ပီယံလိဂ်ဆုဖလား ဆက်ထိန်းသိမ်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။