Champion League

ဘိုင်ယန်ကစားသမားတွေကို ပွဲကြိုစကားပြောရင်း တံခါးကိုကန်ခဲ့မိလို့ ခြေချောင်းကျိုးသွားခဲ့တဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းက လာဇီယိုအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မတိုင်ခင် အသင်းသားတွေကို စကားပြောရင်း တံခါးကို ကန်ခဲ့မိတာကြောင့် ခြေချောင်းကျိုးသွားခဲ့တယ်လို့ ပြောခဲပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ဒီရာသီရလဒ်ဆိုးတွေကြောင့် တူချယ်လ်ဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ဒါပေမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့ရင် တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထုတ်ပယ်ခံရမှာဖြစ်ပေမယ့် အခုတော့ ကံကောင်းသွားခဲ့တာပါ။

အဲ့ဒါကြောင့်လည်း တူချယ်လ်ဟာ အသင်းကိုအားတက်သရော ပွဲကြိုစကားပြောရင်း ခြေချောင်းကျိုးသွားခဲ့တာဖြစ်ပါတယ်။တူချယ်လ်က”တကယ်ကို နာကျင်နေပါတယ်။ကျွန်တော်ဟာ ပွဲမတိုင်ခင်အသင်းသားတွေကို နောက်ဆုံးစကားပြောရင်း တံခါးကို ကန်ခဲ့မိတာပါ။ဒါက မှားယွင်းတဲ့နည်းစနစ်ပါ။ကျွန်တော်လည်း ခြေချောင်းကျိုးသွားသလို ခံစားနေရပါတယ်”လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ရယူနိုင်ဖို့ မျှော်လင့်စရာတစ်ခုတည်းသော ဆုဖလားအဖြစ် ချန်ပီယံလိဂ်ဖလားသာ ရှိတော့တာကြောင့် ဒီဖလားကို အရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။