Bundesliga

မိန့်ဇ်နဲ့ ပွဲမစခင် ၉ နာရီအလိုမှာကတည်းက စုရုံးခဲ့ကြတဲ့ ဒေါ့မွန်ပရိသတ်များ

ဒေါ့မွန်အသင်းအားပေးသူပရိသတ်တွေဟာ ဒီနေ့ညမှာ ကစားမယ့် မိန့်ဇ်အသင်းနဲ့ ဘွန်ဒစ်လီဂါနောက်ဆုံးပွဲစဉ်အတွက် ပွဲမစခင် ၉ နာရီအလိုမှာကတည်းက စုရုံးခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲဟာ ဒေါ့မွန်အသင်းဟာ နှစ်ပေါင်း ၁၁ နှစ်အကြာမှ ပထမဆုံးအကြိမ် ဆုဖလားရယူနိုင်မယ့် အဆုံးအဖြတ်ပွဲစဉ်ဖြစ်ပါတယ်။ဒေါ့မွန်အသင်းဟာ ဒီပွဲအနိုင်ရခဲ့ရင် ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်အသင်း ကြီးစိုးတာကို အဆုံးသတ်နိုင်မှာပါ။

ဒေါ့မွန်အသင်းဟာ ဘွန်ဒစ်လီဂါနောက်ဆုံးပွဲမကစားခင်အချိန်မှာ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်အသင်းကို ၂ မှတ်အသာရရှိထားတာဖြစ်ပါတယ်။မိန့်ဇ်နဲ့ ပွဲကို အနိုင်ရတာနဲ့ ၁၁ နှစ်ကြာဝေးကွာခဲ့တဲ့ ဘွန်ဒစ်လီဂါဖလားကို ဒေါ့မွန်အသင်း ကိုင်မြှောက်နိုင်တော့မှာပါ။

Dortmund’s German forward Youssoufa Moukoko (hidden) celebrates scoring the opening goal with his teammates during the German first division Bundesliga football match between BVB Borussia Dortmund and FC Schalke 04 in Dortmund, western Germany, on September 17, 2022. (Photo by SASCHA SCHUERMANN / AFP) / DFL REGULATIONS PROHIBIT ANY USE OF PHOTOGRAPHS AS IMAGE SEQUENCES AND/OR QUASI-VIDEO

ပရိသတ်တွေကတော့ အသင်းချန်ပီယံဆုရနိုင်မယ့် အခွင့်အရေးကို ကြည့်ရှုဖို့ အလွန်စိတ်လှုပ်ရှားနေကြတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ပရိသတ်တွေဟာ ပွဲမစခင် ၉ နာရီအလိုမှာ လမ်းမတွေပေါ်ထွက်ခဲ့ကြတယ်လို့ ဂျာမန်ကလပ်ရဲ့ တွစ်တာမှာတင်ထားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကလည်း ဒေါ့မွန်အသင်းရဲ့ အမှားကို စောင့်ရမှာဖြစ်တဲ့အတွက် ဒေါ့မွန်အသင်းအနိုင်ရရှိတာနဲ့ သူတို့ရဲ့ မျှော်လင့်ချက်ပျက်တော့မှာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ