ပြင်သစ်လီဂူး

မက်ဆီက လမ်းလျှောက်နေရင်တောင် အားလုံးထက် ဘောလုံးအကြောင်းပိုသိတယ်လို့ စထရာဘောင်းနည်းပြ ဆို

ပီအက်စ်ဂျီအသင်းမှာ ဝေဖန်မှုတွေခံနေရတဲ့ မက်ဆီဟာ လမ်းလျှောက်နေရင်တောင် အားလုံးထက် ဘောလုံးအကြောင်းကို ပိုသိတယ်လို့ ဝေဖန်မှုတွေကနေ ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာရပြီးနောက် မက်ဆီဟာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရပြီး ကစားသမားက ဒီအခြေအနေကို စိတ်ပျက်နေတာဖြစ်ပါတယ်။မက်ဆီဟာ အသင်းရဲ့အိမ်ကွင်းပွဲတွေမှာ လှောင်ပြောင်မှုတွေကို ခံခဲ့ရတာပါ။

စထရာဘောင်းအသင်းနည်းပြ အန်တိုနက်တီက ပီအက်စ်ဂျီအသင်းနဲ့ ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မက်ဆီဘက်ကနေ ကာကွယ်ခဲ့တာပါ။ဒီနှစ်သင်းစလုံးဟာ ဒီပွဲမှာ ရမှတ် ၁ မှတ်စီရရှိတာနဲ့ မျှော်လင့်ချက်တွေ အောင်မြင်သွားမှာဖြစ်ပြီး ပီအက်စ်ဂျီက လီဂူးဝမ်းချန်ပီယံနဲ့ စထရာဘောင်းက ဒီလိဂ်မှာဆက်ပြီး ရှင်သန်မှာဖြစ်ပါတယ်။

အန်တိုနက်တီက “မက်ဆီက မစ္စတာဘောလုံးပါ။သူက အနည်းငယ်လမ်းလျှောက်တယ်ဆိုတာတော့ မှန်ပါတယ်။ဒါပေမယ့် လမ်းလျှောက်တာတောင် မက်ဆီဟာ ဘောလုံးကို လူတိုင်းထက် ပိုပြီးနားလည်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်လည်း သဘောတူညီမှုမရတာကြောင့် ရာသီအကုန်မှာ ထွက်ခွာတော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။