Bundesliga

ဘိုင်ယန်အတွက်ဂိုးလည်းသွင်းရင်း စံချိန်မှတ်တမ်း ၂ ခုပိုင်ဆိုင်ခဲ့တဲ့ ဟာရီကိန်း

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လေဗာကူဆင်အသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက်ဂိုးသွင်းပြီး စံချိန်မှတ်တမ်း ၂ ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က စပါးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြသနေတာာပါ။ဟာရီကိန်းဟာ လေဗာကူဆင်အသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၂၀၀၇ ခုနှစ်က ကလိုဆေးနောက်ပိုင်း ဘိုင်ယန်မြူးနစ်အသင်းအတွက် ပထမပွဲစဉ် ၄ ပွဲမှာ ၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဟာရီကိန်းဟာ ကလပ်ကစားသမားဘ၀ သွင်းဂိုး ၄၀၀ ပြည့်မြောက်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ဟာရီကိန်းဟာ ကလပ်ကစားသမားဘဝသွင်းဂိုး ၃၀၀ မှာ စပါးအသင်းအတွက် ၂၈၀ ဂိုး၊ မီလ်ဝေါအသင်းအတွက် ၉ ဂိုး၊ လေတန်အော်ရီးယန့်အသင်းအတွက် ၅ ဂိုး၊ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄ ဂိုးနဲ့ လက်စတာအသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ နိုင်ပွဲပျောက်ခဲ့တဲ့အတွက် လေဗာကူဆင်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ မှတ်တမ်းရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ