ပီအက်စ်ဂျီအသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ နိုက်စ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ပြီး နည်းပြ အင်းနစ်ရစ်ဟာ ပြင်သစ်ကလပ်နည်းပြဘ၀ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။

ဒီပွဲမှာ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုး ၂ ဂိုးသွင်းယူခဲ့ပေမယ့် နိုက်စ်အသင်းကစားသမား မော်ဖီက ၂ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးပေးခဲ့တာကြောင့် ရှုံးပွဲကြုံတွေခဲ့ရတာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်းပွဲစဉ် ၅ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ အဆင့် ၃ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
နိုက်စ်အသင်းကတော့ ဒီပွဲအနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးနေရာက မိုနာကိုအသင်းထက် ၁ ပွဲပိုကစားထားပြီး ရမှတ် ၁ မှတ်ကွာဟနေတာပါ။တိုက်စစ်မှူး ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနိုင်ပွဲပျောက်ခဲ့ပေမယ့် သူကတော့ အကောင်းဆုံးပုံစံနဲ့အတူ အသင်းအတွက်သွင်းဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘတ်ပီဟာ ဒီရာသီ လီဂူးဝမ်းပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေတာပါ။ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမတိုင်ခင်မှာ အသင်းမှာ ၁၁ နှစ်ကြာကစားပြီး ထွက်ခွာတော့မယ့် ကွင်းလယ်လူ ဗာရတ်တီကို နှုတ်ဆက်မှုတွေပြုလုပ်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ စက်တင်ဘာ ၁၉ ရက်မှာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။