Bundesliga

ကစားသမားဘဝကို နောင်တရစရာတွေနဲ့ အဆုံးမသတ်ချင်ခဲ့ဘူးဆိုတဲ့ ဟာရီကိန်း

ဘိုင်ယန်မြူးနစ်အသင်းထံ ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ကစားသမားဘဝကို နောင်တရစရာတွေနဲ့အဆုံးမသတ်ချင်ခဲ့ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဟာရီကိန်းဟာ ၁၉ နှစ်ကြာကစားခဲ့တဲ့ စပါးအသင်းကို စွန့်ခွာပြီး ဘိုင်ယန်မြူးနစ်အသင်းထံ ယူရိုသန်း ၁၀၀ ကျော်နဲ့ ရောက်ရှိလာခဲ့ပြီး အသင်းနဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ ပွဲဦးထွက်အဖြစ် လိုက်ပ်ဇစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဂျာမန်စူပါဖလားပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။

ဟာရီကိန်းက “မတူညီတဲ့လိဂ်တွေနဲ့ ယဉ်ကျေးမှုတွေကို မကြုံတွေ့ရတဲ့အတွက် နောင်တရပြီး ကျွန်တော့်ရဲ့ကစားသမားဘဝကို အဆုံးမသတ်ချင်ပါဘူး။ကျွန်တော့်ရဲ့ကစားသမားဘဝတစ်ခုလုံးကို အင်္ဂလန်နဲ့ ပရီးမီးယားလိဂ်မှာပဲ ကုန်ဆုံးခဲ့တာပါ”

“အဲ့ဒါကြောင့် လိဂ်အသစ်မှာ လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ အချိန်အနည်းငယ်လိုပါလိမ့်မယ်။မနေ့ကဆို လိုက်ပ်ဇစ်အသင်းနဲ့တွေ့ဆုံခဲ့ပြီး ဒီလိဂ်မှာ အလွန်ကောင်းမွန်တဲ့အသင်းတွေရှိတဲ့အတွက် ဒါဟာ စိန်ခေါ်မှုတစ်ခုဖြစ်လာမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဟာရီကိန်းဟာ ဝါဒါဘရီမင်အသင်းနဲ့ ကစားမယ့် ဂျာမန်ဘွန်ဒစ်လီဂါရာသီသစ်အဖွင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲစကတည်းက ပါဝင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ