Bundesliga

မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဒုအကျော့ပွဲစဉ်မှာ မာနေးပြန်ပါဝင်လာမယ်လို့ ဆိုခဲ့တဲ့ တူချယ်လ်

ဆာနေးရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တဲ့ မာနေးကို ၁ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေသာ ချမှတ်ခဲ့တာဖြစ်လို့ ဆီနီဂေါကစားသမားဟာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ပြန်ပါလာမယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ တူချယ်လ်က ပြောခဲ့ပါတယ်။

မာနေးဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ပထမအကျော့အပြီး အဝတ်လဲခန်းထဲမှာ ဆာနေးရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တာကြောင့် ဂျာမန်ကစားသမားဟာ နှုတ်ခမ်းကွဲသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မာနေးဟာ အသင်းရဲ့အရေးယူခြင်းကို ခံခဲ့ရပြီး လာမယ့် ဟော်ဖန်ဟိမ်းနဲ့ ပွဲအတွက် အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။မာနေးဟာ နောက်ထပ်ပွဲတွေမှာတော့ အသင်းအတွက် ပြန်ပါဝင်ခွင့်ရမယ်လို့ နည်းပြ တူချယ်လ်က အတည်ပြုခဲ့တာပါ။

တူချယ်လ်က “ကျွန်တော်သူတို့နဲ့ စကားပြောခဲ့ပြီး အခြေအနေတွေကိုလည်း ရှင်းခဲ့ပြီးပါပြီ။ဒါက လိုအပ်ပါတယ်။ဒီလိုဖြစ်ပျက်တာမျိုးက ဒီအသင်းဟာ ပထမဆုံးအသင်းမဟုတ်သလို နောက်ဆုံးအသင်းလည်းမဟုတ်ပါဘူး။အဝတ်လဲခန်းထဲမှာ ဖြစ်ပျက်တဲ့အရာတွေက အဝတ်လဲခန်းထဲမှာပဲ ရှိနေရင်ကောင်းမှာပါ”

“လူတိုင်းဟာ အမှားကျူးလွန်တက်ပြီး နမူနာယူရမှာပါ။မာနေးဟာ ယုံကြည်မှုကင်းမဲ့နေပြီး ဒီမှာရှိတဲ့ ဘောလုံးယဉ်ကျေးမှု၊မတူညီတဲ့ အခန်းကဏ္ဍ၊မတူညီတဲ့အသင်းနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ရမှာပါ။ဒါကြောင့်လည်း သူဟာ ခြေတစ်လှမ်းဆုံးရှုံးခဲ့ရတာပါ”လို့ ပြောခဲ့ပါတယ်။

မာနေးဟာ လီဗာပူးလ်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ဘိုင်ယန်မြူးနစ်မှာ အသားကျဖို့ ရုန်းကန်နေရပြီး ပွဲထွက်ပါဝင်နိုင်ဖို့လည်း ခက်ခဲနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ