Europa League

လွန်ခဲ့တဲ့ ၁၀ လလောက်က ခင်ဗျားငိုနေတာမလားဆိုပြီး ဒတ်ချ်ဂျာနယ်လစ်ကို ပြောခဲ့တဲ့ မော်ရင်ဟို

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဖီယင်နုအသင်းကို အရေးနိမ့်ပြီးနောက် ပြီးခဲ့တဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ်ဗိုလ်လုပွဲအကြောင်းကို ပြန်ပြီးတူးဆွခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့အဖြစ် ဖီယင်နုအိမ်ကွင်းမှာ ကစားတဲ့ပွဲမှာ ဖီယင်နုက ရိုးမားကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ဒီနှစ်သင်းဟာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြီးခဲ့တဲ့နှစ်က ယူရိုပါကွန်းဖရန့်စ်လိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီတုန်းက ရိုးမားအသင်းက အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။မော်ရင်ဟိုက အခုတစ်ကြိမ်ပြန်တွေ့ရမှာ အရေးနိမ့်ခဲ့ပေမယ့် ယူရိုပါကွန်းဖရန့်စ်လိဂ်ဗိုလ်လုပွဲအကြောင်းကို ပြန်ပြောသွားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုက”လွန်ခဲ့တဲ့ ၁၀ လလောက်က ခင်ဗျားငိုနေတာမလား။ဒါပေမယ့် မငိုသင့်ပါဘူး။ဘာကြောင့်လဲသိလား၊ရှုံးတဲ့ပွဲကို ခင်ဗျားမနိုင်နိုင်ပါဘူး။ခင်ဗျားရှုံးပြီးပြီ၊ပြန်နိုင်လို့မရတော့ပါဘူး။ငါရှံးတယ်၊ငါ အိပ်ပျော်အောင်အိပ်မယ်၊မငိုဘူးလို့ ကတိပေးတယ်”

“ကျွန်တော် ၁၀ လလုံးလုံးအိပ်မက်ဆိုးတွေမက်ပြီး အိပ်မပျော်ဘဲ မနေနိုင်ဘူး”လို့ ပြောခဲ့ပါတယ်။ဒီပွဲမှာ ရိုးမားအသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဒိုင်ဘာလာနဲ့ အေဘရာဟမ်တို့ဟာ ဒဏ်ရာရခဲ့တာကြောင့် လာမယ့်ပွဲ ၂ ပွဲကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့မော်ရင်ဟိုက ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ