ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ဟာရီကိန်းကို ခေါ်ယူဖိူ့အတွက် အရှုံးပေးသွားမှာမဟုတ်ဘဲ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပေါင်သန်း ၈၀ နဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ထားတာကို စပါးအသင်းက ပယ်ချထားတာပါ။အဲ့ဒါကြောင့် နောက်ထပ်ကမ်းလှမ်းမှုပြုလုပ်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ဟာရီကိန်းဟာ တူချယ်လ်နဲ့ စကားပြောဆိုခဲ့ပြီးနောက် ဘွန်ဒစ်လီဂါကလပ်ထံ ပြောင်းရွှေ့ချင်နေတာပါ။
တူချယ်လ်နဲ့ ဟာရီကိန်းတို့ လျှို့ဝှက်တွေ့ဆုံမှုကို စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။စပါးအသင်းကတော့ ဟာရီကိန်းကို အသင်းမှာ ဆက်ထိန်းသိမ်းပြီး တစ်ပတ်လုပ်ခပေါင် ၄ သိန်းနဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတာပါ။

စပါးနဲ့ ဟာရီကိန်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဟာရီကိန်းကို အသင်းမှာ ရှိစေချင်ပေမယ့် အသင်းမှာ ဆက်ရှိမလားဆိုတာတော့ အာမခံချက်မပေးနိုင်ဘူးလို့ ပြောထားပါတယ်။

ဟာရီကိန်းဟာ မကြာခင်မှာ စပါးအသင်းနဲ့ ပူးပေါင်းပြီး ရာသီကြိုအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။