Bundesliga

ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် ဟတ်ထရစ်သွင်းယူတာ ၃ ပွဲရှိလာခဲ့ပြီဖြစ်တဲ့ ဟာရီကိန်း

ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဟတ်ထရစ်ဂိုးသွင်းယူတာ ၃ ပွဲမြောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ပေါင်သန်း ၁၀၀ နဲ့ စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း သွင်းဂိုးတွေဆက်တိုက်သွင်းယူနေခဲ့တာပါ။ဟာရီကိန်းဟာ ပြီးခဲ့တဲ့အပတ်က ဒမ်စတက်အသင်းနဲ့ ဟတ်ထရစ်သွင်းယူပြီးနောက် ၂ ပတ်ဆက်တိုက်ဟတ်ထရစ်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် လိဂ်ပွဲစဉ် ၁၀ ပွဲသာပါဝင်ကစားရသေးပေမယ့် ဟတ်ထရစ် ၃ ကြိမ်အထိရယူထားခဲ့တာပါ။ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါ ၁၀ ပွဲမှာ ၁၅ ဂိုးသွင်းယူနိုင်ခဲ့တာဟာ လိဂ်ပြိုင်ပွဲရဲ့စံချိန်သစ်ဖြစ်ခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၄ ပွဲပါဝင်ကစားအပြီးမှာ ၁၇ ဂိုးသွင်းယူထားတာပါ။ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက လေဗာကူဆင်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၂ နေရာမှာဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ