Uncategorized

အသက် ၃၀ ပြည့်ပြီးနောက်ပိုင်း သွင်းဂိုး ၄၀၀ ပြည့်သွားခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ခါလီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုးသွင်းယူပြီးနောက် အသက် ၃၀ ပြည့်ပြီးနောက်ပိုင်း သူ့ရဲ့သွင်းဂိုးဟာ ၄၀၀ ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာ ပြိုင်ဘက်ကစားသမားတွေကို ကွင်းထဲမှာလဲကျသွားအောင်စကေးလ်ပြသခဲ့ပြီး ဂိုးဧရိယာအပြင်ကနေ လှပတဲ့သွင်းဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။ဒါ့အပြင် အသက် ၃၈ နှစ်အရွယ်ရှိကစားသမားဟာ အသင်းဖော် လာပေါ့တ်သွင်းယူတဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အယ်လ်နာဆာအသင်းဟာ ထိပ်ဆုံးနေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၄ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။ရော်နယ်ဒိုဟာ အယ်လ်ခါလီအသင်းနဲ့ပွဲမှာ သွင်းယူတဲ့ဂိုးကြောင့် ဒီရာသီလိဂ်သွင်းဂိုး ၁၂ ဂိုးအထိရှိလာခဲ့ပြီး ဆော်ဒီပရိုလိဂ်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ထိပ်ဆုံးနေရာကနေ ဦးဆောင်နေခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ကြားရက်ထဲမှာ အာရှချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဒူဟေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol