Bundesliga

လီဗာပူးလ်ကနေ ဘိုင်ယန်ပြောင်းခဲ့တဲ့သူ့ကို ရော်နယ်ဒိုဘာပြောခဲ့လဲဆိုတာ ဖွင့်ဟခဲ့တဲ့ မာနေး

မာနေးဟာ ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်ကနေ ထွက်ခွာပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။မာနေးက ရော်နယ်ဒိုနဲ့ တွေ့ဆုံပြီးနောက် ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သူဘာပြောခဲ့လဲဆိုတာကို ပြောခဲ့တာပါ။

မာနေးဟာ လီဗာပူးလ်အသင်းမှာ ၆ နှစ်ကြာကစားခဲ့ပြီး ချန်ပီယံလိဂ်၊ပရီးမီးယားလိဂ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့တာပါ။ဒါပေမယ့် မာနေးဟာ စိန်ခေါ်မှုအသစ်တွေ လိုချင်တာကြောင့် လီဗာပူးလ်ကို စွန့်ခွာပြီး ဂျာမန်ထိပ်သီး ဘိုင်ယန်ကို ပြောင်းခဲ့တာဖြစ်ပါတယ်။

မာနေးဟာ ဘိုင်ယန်ကို ပြောင်းခဲ့တဲ့ အပြောင်းအရွှေ့အပြီးမှာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုနဲ့ တွေ့ဆုံခဲ့တာပါ။မာနေးက “ကျွန်တော်ဟာ အပြောင်းအရွှေ့အပြီး ရာသီသစ်မစတင်ခင်မှာ ရော်နယ်ဒိုနဲ့ မာယော့ကာမှာ တွေ့ဆုံခဲ့ပါတယ်။သူက ကျွန်တော့်ကို ဂုဏ်ပြုခဲ့ပြီး ကောင်းမွန်တဲ့ ကလပ်လို့ပြောခဲ့ပါတယ်။ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်တယ်လို့လည်းပြောခဲ့တယ်လို့”Sportbild ကို ပြောခဲ့တာဖြစ်ပါတယ်။

မာနေးဟာ ဒဏ်ရာမရခင်အချိန်ထိ ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ၆ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးနိုင်ခဲ့တာပါ။မာနေးဟာ ဒဏ်ရာခွဲစိတ်ကုသမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ရပြီး အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် မာနေးဟာ ယူနီယံဘာလင်နဲ့ ကစားခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေရတာကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီတစ်ပတ်မှာ စတုဂတ်အသင်းနဲ့ လိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မာနေးဟာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ