Serie A ပြင်သစ်လီဂူး

ပီအက်စ်ဂျီကထွက်ခွာခဲ့ရင် ကစားချင်တဲ့ စီးရီးအေအသင်းကိုပြောပြခဲ့တဲ့ ဘတ်ပီ

ပီအက်စ်ဂျီကြယ်ပွင့် ဘတ်ပီဟာ ပြင်သစ်ကလပ်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် သူကစားချင်တဲ့ စီးရီးအေအသင်းက ဘယ်အသင်းလဲဆိုတာ မေးခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့မေးမြန်းမှုကို ပြန်တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

ဘတ်ပီဟာ ပြီးခဲ့တဲ့ ဖီဖာအကောင်းဆုံးဆုပေးပွဲကို တက်ရောက်ခဲ့ပြီး ရမှတ် ၄၄ မှတ်နဲ့ မက်ဆီရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။ဘတ်ပီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘတ်ပီဟာ FIFPro ရဲ့ အကောင်းဆုံးအသင်းမှာတော့ ပါဝင်ခဲ့ပါတယ်။ဘတ်ပီဟာ ရီးရယ်လ်အသင်းကို ပြောင်းဖို့ နီးစပ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ ပီအက်စ်ဂျီအသင်းနဲ့ အကျိုးအမြတ်အများအပြားရတဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဖီဖာအကောင်းဆုံးဆုပေးပွဲမှာတော့ ဘတ်ပီဟာ စီးရီးအေကို ပြောင်းဖြစ်မယ်ဆိုရင် ဘယ်အသင်းကို ပြောင်းဖြစ်မလဲဆိုတာ မေးခြင်းခံခဲ့ရတာပါ။ဒီအချိန်မှာ ဘတ်ပီက “ကျွန်တော်လာဖြစ်မယ်ဆိုရင် အဲ့ဒါက အေစီမီလန်အသင်းပဲ ဖြစ်လိမ့်မယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဘတ်ပီဟာ ငယ်ငယ်လေးကတည်းက အေစီမီလန်အသင်းပွဲတွေ အများကြီးကြည့်ခဲ့ရပြီး အီဘရာဟီမိုဗစ်လို ဂန္တဝင်ကစားသမားကို အများကြီးလေးစားကြောင်း ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Serie A

အစ်ကိုကမွှေလိုက် ဒဏ်ရာကမွှေလိုက်နဲ့ ကံဆိုးပြီးရင်းဆိုးနေတဲ့ ပေါ့ဘာ

ပေါ့ဘာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်လို့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ဇူလိုင်လကတည်းက ဒဏ်ရာပြဿနာခံစားခဲ့ရတာဖြစ်ပြီး အခုရာသီ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာ ၂၂ ရက် ဩစ‌တြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ
Serie A

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။ ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို