နယူးကာဆယ်အသင်းဟာ ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့ရာမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
နယူးကာဆယ်အတွက်ဂိုးတွေကို လောင်းစတပ်ဖ်က ၂ ဂိုးစလုံးသွင်းယူခဲ့တာဖြစ်ပြီး ဆောက်သမ်တန်အတွက်ဂိုးကို ချီအဒမ်က သွင်းယူခဲ့တာပါ။ပထမအကျော့အဖြစ်ကစားခဲ့တုန်းကလည်း နယူးကာဆယ်က ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အဲ့ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး- ၁ ဂိုးနဲ့ နယူးကာဆယ်အသင်းအနိုင်ရပြီး ကာရာဘောင်းဖလား ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။နယူးကာဆယ်အသင်းအတွက်တော့ ၁၉၉၉ နောက်ပိုင်းပထမဆုံး ဖလားဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နယူးကာဆယ်အသင်းဟာ ၁၉၆၉ က အင်တာစီးတီးစ်ဆုဖလားရပြီးနောက်ပိုင်း ပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်လို့ ရပြီလည်း ဖြစ်တာပါ။
နယူးကာဆယ်အသင်းဟာ ယူနိုက်တက်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။