မက်ဆီဟာ အင်တာမိုင်ယာမီအသင်းက ချားလော့အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုးသွင်းယူပြီး ဆီမီးဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရောက်ရှိလာပြီးကတည်းက နိုင်ပွဲဆက်နေခဲ့ပြီး အသင်းဟာ ၅ ပွဲဆက်နိုင်ပွဲရရှိခဲ့သလို မက်ဆီကလည်း ၅ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။မက်ဆီဟာ ဒီ ၅ ပွဲမှာ အသင်းအတွက် ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ၈ ဂိုးသွင်းယူထားနိုင်ခဲ့တာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းရဲ့နံပတ် ၃ နေရာအထိ ရောက်ရှိလာခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေပေမယ့် လိဂ်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိရောက်ရှိနေပြီး ဖိလာဒဲလ်ဖီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။