ပြင်သစ်လီဂူး

အမ်ဘာပေအတွက် နည်းဗျူဟာအသစ်ပါ ရေးဆွဲပေးနေပြန်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ အမ်ဘာပေ အသင်းမှာ ပိုမိုအံဝင်အောင် ကစားနိုင်ဖို့အတွက် နည်းဗျူဟာအစီအစဥ်အသစ်ကို ရေးဆွဲပေးနေတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေကမှ အသင်းနဲ့ (၃) နှစ် စာချုပ်သက်တမ်း တိုးထားတာပါ။

ဒါပေမယ့် အသင်းဘက်က သူ့ကို အဓိက,ကစားသမားအဖြစ် ထားပေးမယ်ဆိုတဲ့ ကတိကို ချိုးဖောက်ခဲ့ကြောင်း အမ်ဘာပေက ယုံကြည်နေပါတယ်။ အဲ့ဒါကြောင့်လည်း လာမယ့်ဆောင်းရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။

အမ်ဘာပေကိုယ်တိုင်က ဒီသတင်းတွေကို ငြင်းဆန်ထားသည့်တိုင် ရပ်တန့်သွားခြင်းတော့ မရှိသေးပါဘူး။ အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ဗဟိုတိုက်စစ်မှူး ဂျရူးရှိနေတာကြောင့် လွတ်လွတ်လပ်လပ် ကစားခွင့်ရှိပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီမှာတော့ အမ်ဘာပေတယောက် လွတ်လွတ်လပ်လပ် ကစားခွင့်မရဘူးလို့ ယူဆနေပါတယ်။ ဒီအကြောင်းကိုလည်း ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက နားလည်ထားပြီး အမ်ဘာပေကို စိတ်တိုင်းကျ ကစားခွင့်မပေးထားဘူးလို့ ဖွင့်ဟထားပါတယ်။

အခု ပြဿနာတွေ ဖြစ်ပွားလာချိန်မှာတော့ ပီအက်စ်ဂျီဘက်က အမ်ဘာပေအတွက် နည်းဗျူဟာအသစ်တခုကို ရေးဆွဲပြင်ဆင်ပေးနေကြောင်း သိရှိရပါတယ်။ ဒါကိုတော့ အားကစားဒါရိုက်တာ ကမ်းပို့စ်နဲ့ နည်းပြ ဂဲလ်တီယာတို့က စီစဥ်နေပါတယ်။

နေမာတယောက် တိုက်စစ်ဗဟိုမှာ ပိုမို ကစားခွင့်ရနေတဲ့အပေါ် အမ်ဘာပေက မကျေမလည်ဖြစ်နေပြီး သူ့ရဲ့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေကို မျှဝေပေးနေရတဲ့အပေါ် စိတ်တိုင်းမကျဖြစ်နေတယ်လို့ သတင်းတွေကဆိုပါတယ်။

အခု နည်းဗျူဟာအသစ်သာ အဆင်ပြေသွားခဲ့ရင်တော့ အမ်ဘာပေ၊ နေမာ၊ မက်ဆီတို့အကြား ဘယ်လို ပြောင်းလဲမှုတွေရှိလာဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။