ပြင်သစ်လီဂူး

ပီအက်စ်ဂျီနဲ့ လေ့ကျင့်မှုတွေ မက်ဆီပြန်လည်ပြုလုပ်

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ မကြာသေးခင်က ဆော်ဒီခရီးစဉ်ကြောင့် အသင်းရဲ့၂ ပတ်ကြာဆိုင်းငံ့ခြင်းကို ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ အသင်းနဲ့အတူ လေ့ကျင့်မှုပြန်လည်ပြုလုပ်ခွင့်ရသွားပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းက လော်ရီးယန့်ကို အရေးနိမ့်ပြီးနောက် အသင်းရဲ့ခွင့်ပြုချက်မရဘဲ ဆော်ဒီသွားခဲ့တဲ့အတွက် ၂ ပတ်ကြာဆိုင်းငံ့တဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အဆိုပါကာလအတွင်းမှာ ရမယ့် လုပ်ခလစာတွေကိုလည်း ဒဏ်ကြေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် မက်ဆီဟာ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အသင်းနဲ့ အသင်းဖော်တွေကို ပြန်လည်တောင်းပန်ခဲ့တာကြောင့် တနင်္လာနေ့မှာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်လို့ ရသွားခဲ့ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းက ထရိုယတ်စ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့် အဂျက်ဆီယိုနဲ့ အိမ်ကွင်းပွဲမှာတော့ အသင်းအတွက် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေတာပါ။ဒါပေမယ့် မက်ဆီဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အခုရာသီအကုန်မှာတော့ ပီအက်စ်ဂျီကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

မက်ဆီကို ခေါ်ယူဖို့ ဘာစီလိုနာအပါအဝင်ဆော်ဒီကလပ်အသင်းတွေလည်း ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ကစားသမားဘက်က ပြောင်းရွှေ့မယ့်အသင်းကို မဆုံးဖြတ်ရသေးတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။