Foreign Brides ပြင်သစ်လီဂူး

ပီအက်စ်ဂျီနည်းပြရာထူးကို စိတ်ဝင်စားနေတဲ့ မော်ရင်ဟို

ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုဟာ ဂယ်လ်တီယာနေရာအစားဝင်ပြီး ပီအက်စ်ဂျီအသင်းကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပြင်သစ်သတင်းတွေမှာ ပီအက်စ်ဂျီဘောလုံးအကြီးအကဲ လူးဝစ်ကမ်ပို့စ်ဟာ မော်ရင်ဟိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒတ်စ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့လို့ မော်ရင်ဟိုနဲ့ ပြင်သစ်ကလပ်ရဲ့သတင်းတွေဟာ ပိုပြီးထွက်လာခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ သူတို့လိုချင်တဲ့ ပစ်မှတ်တွေကို ရောက်အောင်မလုပ်ဆောင်နိုင်ခဲ့တဲ့ နည်းပြ ဂယ်လ်တီယာကို ရာသီကုန်မှာ ထုတ်ပယ်ဖို့ ရှိနေပြီး သူ့နေရာမှာ မော်ရင်ဟိုကို အစားထိုးဖို့ လူးဝစ်ကမ်ပို့စ်ကလည်း စိတ်ဝင်စားနေပါတယ်။

ရိုးမားအသင်းနဲ့ ၂၀၂၄ မှာ စာချုပ်ကုန်ဆုံးမယ့် မော်ရင်ဟိုဟာ ပြင်သစ်ကလပ်ရဲ့နည်းပြရာထူးကို စိတ်ဝင်စားနေပြီး ချယ်လ်ဆီးရဲ့ချဉ်းကပ်မှုကိုတောင် ပယ်ချခဲ့တယ်လို့ သိရပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းကို ယူရိုပါကွန်းဖရန့်စ်လိဂ်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ဒီရာသီမှာလည်း ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးထားပါတယ်။

ဆက်စပ်သတင်းများ

Foreign Brides

Just what Mail Purchase Bride?

A all mail order star of the event is a woman who connects to a service that value packs her
ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး