ပြင်သစ်လီဂူး

မက်ဆီနဲ့ စာချုပ်ကိစ္စကိုပြောလာခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ အခုရာသီအကုန်မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုတွေလုပ်ဆောင်နေတယ်လို့ ပီအက်စ်ဂျီဒါရိုက်တာ ကမ်ပို့စ်က ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ မက်ဆီကိုခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာနဲ့ မေဂျာလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီက စာချုပ်သက်တမ်းတိုးဖို့ကိစ္စကို အမြန်ဆုံးဖြတ်လုပ်ဆောင်ချင်နေတာပါ။

လူးဝစ်ကမ်ပို့စ်က “ကျွန်တော်တို့ဟာ သူ့ကိုစာချုပ်သက်တမ်းတိုးချင်တာကြောင့် သူနဲ့ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ကျွန်တော်တို့က သူ့ကိုဒီပရောဂျတ်မှာဆက်ပြီး ထားချင်ပါတယ်။ဒီရည်ရွယ်ထားတဲ့အရာကိုရောက်ဖို့အတွက် ကျွန်တော်တို့အခုပြောဆိုနေကြတာပါ။မက်ဆီက ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေမှာပါ”လို့ ပြောခဲ့ပါတယ်။

မက်ဆီဟာ မကြာသေးခင်က ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းမတိုးဘဲ ထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ဒါပေမယ့် ကစားသမားဆီကနေတော့ တရားဝင်ပြောဆိုတာမျိုးတော့မရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက်ခြေစွမ်းပြနေပြီး တူးလော့စ်ကို အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။