ပြင်သစ်လီဂူး

မက်ဆီအတွက်အလုပ်လုပ်ပေးဖို့ ပီအက်စ်ဂျီကို နည်းပြ ဂယ်လ်တီယာတောင်းဆို

ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက မက်ဆီအနေနဲ့ ခံစစ်ပိုင်းအလုပ်တွေကနေ ကင်းလွတ်ခွင့်ရှိပြီး အသင်းအနေနဲ့ ကြယ်ပွင့်ကစားသမား လွတ်လပ်စွာလုပ်ဆောင်နိုင်အောင် ကြိုးကြိုးစားစားလုပ်ဆောင်ဖို့ ပြောလိုက်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းက တူးလော့စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြပြီး အနိုင်ဂိုးသွင်းယူခဲ့တာပါ။ဒီပွဲမှာ နေမာနဲ့ ဘတ်ပီတို့ မပါဝင်ခဲ့လို့ မက်ဆီက အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ခဲ့ရတာဖြစ်ပါတယ်။

ဂယ်လ်တီယာက “လီယိုအတွက်ကစားပေးပြီး သူ့အတွက်အလုပ်လုပ်ပေးဖို့ အသင်းကို ကျွန်တော်တောင်းဆိုပါတယ်။သူဟာ တစ်ချို့သောလုပ်ဆောင်မှုတွေကနေ ကင်းလွတ်ရပါမယ်။အသင်းဖော်တွေဟာ သူတို့ရဲ့ကြိုးစားအားထုတ်မှုကို ၂ ဆမြှင့်တင်ရပါမယ်။အဲ့ဒါမှလည်း နေရာလွတ်တွေကို ရှာဖွေပေးနိုင်မှာ”လို့ ဆိုခဲ့ပါတယ်။

ဒီပွဲမှာ တူးလော့စ်က ဦးဆောင်ဂိုးစတင်ရယူနိုင်ခဲ့ပေမယ့် ဟာကီမီနဲ့ မက်ဆီက ပီအက်စ်ဂျီအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူပြီး ပီအက်စ်ဂျီအတွက် အနိုင် ၃ မှတ်ရှာဖွေပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လီဂူးဝမ်းအမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတဲ့ ပီအက်စ်ဂျီအသင်းဟာ ကြားရက်မှာ ပြင်သစ်ဖလားပွဲစဉ်အဖြစ် မာဆေးလ်အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။